Movie Name
In Your Dreams (2023)
Year
2023
Generes
Comedy, Drama, Romance
Code
EN2896
Type
Movie
Size
621 MB
Country
Hollywood
Description
In Your Dreams(2023) ********************* ကျွန်တော်တို့ဘဝမှာ ကိုယ်ချစ်ရတဲ့သူကို အိပ်မက်ထဲမှာတွေ့ချင် ဆုံဆည်းချင်တဲ့စိတ်ကူး‌လေး လူတိုင်းရှိဖူးကြမှာပါ…။ တစ်ယောက်သောသူကို အိပ်မက်ထဲမှာတွေ့လိုက်တယ် နံနက်နိုးလာတော့ လက်တွေ့ဘဝမှာရော သူရှိနေမလားဆိုပြီး တမ်းတမိတဲ့ခံစားချက်မျိုးလည်း ကြုံဖူးတယ်မလား။ ကိုယ့်ချစ်သူနဲ့အတူ အနာဂတ်ကို အိပ်မက်လေးမက်ပြီး သွားကြည့်ခွင့်ရရင်ရော ဘယ်လောက်ကောင်းမလဲပေါ့‌နော်..။ ဒီကားလေးကတော့ အဲ့လိုအချစ်အိပ်မက်ကို တမ်းတတတ်သူတိုင်းကြည့်သင့်တဲ့ Plot ဆန်းဆန်းလေးနဲ့ တူရကီအချစ်ဇာတ်လမ်းလေးပါ…။ ဇာတ်လမ်းထဲမှာတော့ မင်းသားနဲ့ မင်းသမီးဟာ လက်တွေ့လောကမှာ ခင်မင်သိကျွမ်းသူတွေမဟုတ်ပါဘူး… ဘဝကို ပေါ့ပေါ့ပါးပါးနေထိုင်ရင်း အိမ်ထောင်ပြုဖို့ဆိုတာလည်း စိတ်ကူးရှိသူတွေ မဟုတ်ကြပါဘူး။ ကံတရားက ဆန်းကြယ်တော့ သူတို့နှစ်ဦးဟာ အိပ်မက်တစ်ခုတည်းကိုပဲ နှစ်ယောက်အတူမက်ခဲ့ကြတယ်…။ အဲ့ဒီ အိပ်မက်လိုလို အနာဂတ်လိုလို လောကထဲမှာ သူတို့ဟာ လင်မယားအဖြစ်အိမ်ထောင်ကျခဲ့တာ နှစ်နှစ်ရှိနေပါပြီတဲ့ လုံးဝမသိကြတဲ့ သူစိမ်းနှစ်ယောက် အိမ်မက်တစ်ခုတည်းအတူပိတ်မိနေတော့ နိုးထဖို့အတွက် နည်းလမ်းရှာပါတော့တယ်…။ သူတို့ရဲ့ အိပ်မက်က တကယ်ပဲအိပ်မက်လား၊ လက်တွေ့ဘဝလား၊ အနာဂတ်ကို ခဏရောက်သွားတာလားဆိုတာတော့…ဒီဇာတ်လမ်းထဲမှာပဲ ကြည်ကြည်နူးနူးစီးမျောရင်း အဖြေလိုက်ရှာကြည့်ပါဗျာ…။