Movie Name
Patriot Games (1992)
Year
1992
Generes
Action, Thriller
Code
EN2897
Type
Movie
Size
771 MB
Country
Hollywood
Description
ဒီဇာတ်ကားက​တော့ Jack Ryan Franchise ရဲ့ ဒုတိယကားဖြစ်ပြီး ပထမကားအပြီး နှစ်နှစ်အကြာ ၁၉၉၂မှာ ထွက်ရှိခဲ့တာပါ။ ဒီကားရဲ့ Jack နေရာမှာတော့ မင်းသားကြီး Harrison Ford က သရုပ်​​ဆောင်ထားသလို ပါတိုင်း​သေ မင်းသားကြီး Sean Bean နဲ့ အချစ်​တော်ကြီး Samuel L. Jackson တို့ ပါဝင်လို့ Cast List နဲ့တင် ရှိန်​​လောက်တဲ့ကားပါ။ အိုင်းရစ်ရီပတ်ဘလစ်တပ်မ​တော်လို့ ​ခေါ်တဲ့ IRA က ဗြိတိန်ကျွန်းစုရဲ့ အင်အားကြီးသူပုန်အဖွဲ့ဖြစ်ပြီး ​မြောက်အိုင်ယာလန်ကို ဗြိတိန်​တွေရဲ့လက်​အောက်က ခွဲထွက်ဖို့ ကြိုးစား​နေတဲ့အဖွဲ့ကြီးပါ။ ဒီဇာတ်ကားမှာ IRA က ​အိုင်ယာလန်ဘုရင်ခံဖြစ်လာမယ့် ဗြိတိန်မင်းသားကိုလုပ်ကြံဖို့ ကြိုးစားခဲ့​ပေမဲ့ မ​​အောင်မြင်ခဲ့ပါဘူး။ သူတို့ကို တားဆီးခဲ့တဲ့သူက တခြားသူမဟုတ်ဘဲ ဇာတ်လိုက်​ကျော်ကြီး ဂျက်ရိုင်ယန်ပါပဲ။ ဒါ​ပေမဲ့ လုပ်ကြံမှုကိုတားဆီးရင်း IRA တပ်သားတစ်ဦးဖြစ်တဲ့ ရှောင်ရဲ့ ညီကို ဂျက်တစ်​ယောက် သတ်မိခဲ့ပါတယ်။ ညီဖြစ်သူ​သေဆုံးသွားလို့ အခဲမ​ကျေတဲ့ ​ရှောင်က မူလမစ်ရှင်ဖြစ်တဲ့ ဗြိတိန်မင်းသားကို​တောင် ဂရုမစိုက်​တော့ဘဲ အ​မေရိကန်အထိလိုက်ပြီး ဂျက်နဲ့ သူ့ရဲ့မိသားစုကို လိုက်လံသတ်ဖြတ်ဖို့ ကြိုးစားပါ​တော့တယ်။ IRA အဖွဲ့ဝင်ရဲ့ အငြိုးကိုခံလိုက်ရတဲ့ ဂျက်အ​နေနဲ့ သူ့မိသားစုကို အသက်​ဘေးက ကာကွယ်ဖို့ ဘယ်​လောက်ထိ ကြိုးပမ်းသွားရမလဲဆိုတာ ဒီဇာတ်ကားမှာ ကြည့်ရှူခံစားရမှာပါ။