-
Movie Name
-
Gabriel's Redemption Part 1 (2023)
-
Year
-
2023
-
Generes
-
Romance
-
Code
-
EN2899
-
Type
-
Movie
-
Size
-
1.58 GB
-
Country
-
Hollywood
-
Description
-
ဒီကားလေးကတော့ အရင်အပတ်ကမှလောလောလတ်လတ်ထွက်ထားပြီး IMDb 6.2ရရှိထားပြီဖြစ်တဲ့ Gabriel’s Inferno movie series ရဲ့နောက်ဆုံးထွက်ကားလေးပဲဖြစ်ပါတယ်။ ကြည့်ရှုချိန် ၂နာရီနီးပါးကြာမြင့်ပြီး အချစ်၊ ဒရာမာ ဇာတ်လမ်းအမျိုးအစားဖြစ်ပါတယ် <ဒီကားလေးကိုကြည့်မယ်ဆိုရင်တော့ ရှေ့ကကားလေးတွေကိုကြည့်ပြီးမှ ကြည့်ဖို့တိုက်တွန်းပါရစေ။>
ဒီကားထဲမှာတော့ ဂေဘရီရယ်တစ်ယောက် ကလေးယူချင်စိတ်ပြန်ဖြစ်လာပေမယ့် ဂျူလီယာက
ဘွဲ့လွန်ကျောင်းတစ်ဖက်နဲ့ဖြစ်နေပြီး ပညာရေးကို မစွန့်လွတ်နိုင်တဲ့အခြေအနေရောက်နေပါတယ်။
မိသားစုတစ်ခု နှစ်ယောက်အတူထူထောင်လိုက်ရင် ကလေးတစ်ဖက်နဲ့ သူမပြုစုချင်တဲ့ချင်တဲ့စာတမ်းတွေမပြီးမြောက်ပဲ ဘွဲ့လွန်ကျောင်းကနေထွက်ရမယ့်အဖြစ်နဲ့ကြုံမှာကို သူမအကြောက်ကြီးနေခဲ့တယ်။
တစ်နေ့မှာ ဂျူလီယာရဲ့စာတမ်းကို ပါမောက္ခဂေဘရီရယ်တစ်ယောက်ဖတ်ကြည့်ပြီး
ဒန်တေးရဲ့ဇာတ်လမ်းအပေါ် အမြင်မတူကြရာကနေအခြေခံကာ ဂျူလီယာတို့လင်မယား
လက်ထပ်ပြီးပထမဆုံးရန်ပွဲလေးကိုနွှဲလိုက်ရပါတော့တယ်။ စာတမ်းပို့ချဖို့ အီတလီကိုသွားကြတဲ့အခါမှာလည်
း ကတ်သရင်းတစ်ယောက်ဟာ ဂျူလီယာ့ကို မနာလိုဝန်တိုစိတ်နဲ့ အသရေဖျက်လိုဖျက်၊ အိမ်ထောင်ရှိနေပြီဖြစ်တဲ့ ဂေဘရီရယ်ကိုသွေးဆောင်လိုဆောင်နဲ့ ဂေဘရီရယ်နဲ့ဂျူလီယာတို့လင်မယားကို အမျိုးမျိုးစိတ်ဒုက္ခလိုက်ပေးနေခဲ့ပါတယ်။
အမှောင့်အဖျက် ကတ်သရင်းတစ်ယောက် ဂျူလီယာ့ကို ဘယ်လိုနှောင့်ယှက်မလဲလည်း သူကိုယ်တိုင်လည်း
ဘာတွေကြုံတွေ့ရဦးမလဲ သူ့ကိုဘယ်လိုအရာတွေက စောင့်ကြိုနေလဲဆိုတာကို စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာပါ။
အချို့ဇာတ်ဝင်ခန်းလေးတွေမှာတော့ ပရိသတ်အချို့သဘောကျကြတဲ့ သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းရဲ့ ကျန်ရှ်ိနေသေးတဲ့အခြေအနေတင်းမာမှုလေးတွေကိုလည်း ဟိုတစ်စဒီတစ်စ မြင်တွေ့ရဦးမှာဖြစ်ပါတယ်။