-
Movie Name
-
Robocop (2014)
-
Year
-
2014
-
Generes
-
Action, Crime, Thriller
-
Code
-
EN2917
-
Type
-
Movie
-
Size
-
685 MB
-
Country
-
Hollywood
-
Description
-
ဒီကားက RoboCop remake သာမဟုတ်ခဲ့ရင် အရမ်းကောင်းတဲ့ စက်ရုပ်ကားတစ်ကားဖြစ်မှာဖြစ်ပြီး နာမည်ကြောင့် လူတွေ စိတ်ပျက်တာဖြစ်ပါတယ်။ လူတိုင်းကြိုက်ခဲ့တဲ့ RoboCop ကို ယူပြီး ဇာတ်လမ်းလုံးဝပြောင်းလိုက်တာကလည်း ပရိတ်သတ်ကို ဒေါသထွက်စေပါတယ်။ အထူးသဖြင့် ကျွန်တော်တို့ခေတ်က RoboCop က Made in USA ဖြစ်ပြီး ဒီ RoboCop ကတော့ Made in China ဖြစ်ပါတယ်။ အဲ့ဒီလောက်ထိ ဒီဘက်ခေတ်နဲ့ လျှော်ညီအောင် ရိုက်ကူးထားနိုင်သလို ဇာတ်လမ်းအားဖြင့်လည်း အထူးကောင်းမွန်ပါတယ်။ စက်ရုပ်နဲ့ လူနဲ့ တွဲထားပြီး စက်ရုပ်လိုပဲ လိုသလို ထိမ်းခြုပ်နိုင်အောင်ကြိုးစား ပေမယ့် လူဦးနှောက်နဲ့ နှလုံးသားက အထိန်းအချုပ်မခံ ပဲ Program ကို Override လုပ်တာမျိုး တွေက ဒီဘက်ခေတ် စက်ရုပ်အက်ရှင်ကား တစ်ကားအနေနဲ့ အထူးကောင်းမွန် ပါတယ်။ ဒါပေမယ့် RoboCop Remake ဆိုတာတစ်ခုတည်းနဲ့တင် RoboCop fan တွေ ကလက်မခံ ချင်ကြပါဘူး။
အားလုံးခြုံပြောရရင် ဇာတ်ကားကောင်းတစ်ကားပါ။ RoboCop လို့မမြင်ပဲ စက်ရုပ်ကားတစ်ကား လို့ သာ မြင်ရင် သို့မဟုတ် RoboCop (1987) ကားကို မကြည့်ဖူးရင်၊ ဇာတ်ကားကောင်းတစ်ကားဖြစ်လာ မှာပါ။ ကြည့်သင့်ပါတယ်။ ဒါက ဒီဘက်ခေတ်ကလေးတွေအတွက် 2014 RoboCop ပါ။ IronCop လို့နာမည်ပေးရင်တောင် တော်တော် ကောင်းပါဦးမယ်။ RoboCop နဲ့ လားလားမှမတူပါဘူး။ ကျန်တာအကုန်ကောင်းပါတယ်။