-
Movie Name
-
House Of Stars (2023)
-
Year
-
2023
-
Generes
-
Drama, Romance
-
Code
-
ST0787
-
Type
-
Series
-
Size
-
3.83 GB
-
Country
-
Thai
-
Description
-
1-12 Completed
House of Stars / ငွေကြယ်ပွင့်တို့ရဲ့ မဟာစံအိမ် (2023)
Cast
ဂန်းအဖြစ် Pepo Nutchapan Paramacharenroj
ဆို့အဖြစ် Boss Pornpipat Kunisorn
အိမ်ဆိုတာက နွေးထွေးတယ်၊ လုံခြုံတယ်၊ လွတ်လပ်တယ်။
ဒါပေမဲ့ ဒီကြယ်ပွင့်လေးတွေရဲ့အိမ်က ဒီလိုမဟုတ်ပါဘူး။
မြင်သာအောင်ပြောရရင် ဘော်ဒါလိုမျိုး – တင်းကျပ်တဲ့စည်းကမ်း၊ ညမထွက်ရအမိန့်၊ ထိန်းချုပ်တတ်လွန်းတဲ့ မန်နေဂျာ ခွန်ဆူဇီ စသည်ဖြင့်ပေါ့။
ဒါဆို ဒီ Big House ဆိုတဲ့ အိမ်ကြီးမှာ မင်းသားတွေ မင်းသမီးတွေ ဘာလို့လာနေကြတာလဲ?
အကြောင်းရင်းကတော့ ဘော်ဒါတွေ အောင်ချက်ကောင်းသလို ဒီမင်းသား မင်းသမီးတွေက
ခွန်ဆူဇီဆိုတဲ့ မန်နေဂျာရဲ့ လက်အောက်မှာ တစ်ကားတည်းရိုက်တာနဲ့ မျက်နှာသစ်သရုပ်ဆောင်ဆု တန်းရတာမျိုး၊
ဇာတ်ကားကောင်းတွေ၊ ဇာတ်ညွှန်းကောင်းတွေ ရတတ်တာမျိုးတွေရှိလို့ပါပဲ။
ဒီလိုအခွင့်အရေးကောင်းတွေ ရတတ်တဲ့ ခွန်ဆူဇီတို့ အိမ်မှာနေပြီး သရုပ်ဆောင်ဝင်လုပ်ကြသူတွေလည်း မနည်းပါဘူး။
ဒါပေမဲ့ တင်းလွန်းရင် ပြတ်တတ်တဲ့သားရေကြိုးလိုပဲ လူတွေဟာ တင်းကြပ်လွန်းရင် ထွက်ပေါက်ရှာတတ်ကြပါတယ်။
ဒီစီးရီးထဲမှာတော့ Big House ထဲမှာ နေထိုင်သူတိုင်းရဲ့ မာန၊ အတ္တ ၊ အာဃာတ၊ ရာဂ တွေအပြင်
ကိုယ့်ကိုယ်ကိုယ် ပရိသတ်လို့ ခံယူထားကြသူတွေရဲ့ အစွဲအလမ်းကြီးမှုတွေ၊ privacy ကိုထိပါးနှောင့်ယှက်ပုံတွေပါ ထည့်သွင်းထားတဲ့ ဇာတ်လမ်းလေးဖြစ်ပါတယ်။
War of Y လိုပုံစံမျိုးကိုမှ lakorn ဆန်ဆန် ဒရာမာလေးတွေနဲ့မလို့
လက်ရှိဖြစ်ပျက်နေတဲ့ သရုပ်ဆောင်လောကက အကြောင်းအရာတွေကို ပျင်းရိမသွားစေဘဲ ဖော်ပြပေးသွားနိုင်မှာတော့ အသေအချာပါပဲ။