Movie Name
Fly Again (2021)
Year
2021
Generes
Drama
Code
SKR0851
Type
Series
Size
3.09 GB
Country
Korea
Description
1-10 Completed အိုင်ဒေါတွေဆိုတာ တစ်ခုတည်းမှာ ထူးချွန်လိုရတာ မဟုတ်ဘဲ ဘက်စုံတော်ရပြီး ရုပ်ရည်၊ အကျင့်စာရိတ္တအထိ အဘက်ဘက်ကနေ ထူးချွန်ဖို လိုအပ်တဲ့သူတွေပါ။ အိုင်ဒေါတစ်ယောက်ဖြစ်ဖို ကြိုးစားနေတဲ့ လူငယ်လေးတွေအကြောင်း ရိုက်ကူးထားတဲ့ web-drama လေးကို သဲငယ်လေးတိုတောင်းဆိုထားတဲ့အတိုင်း တင်ဆက်ပေးလိုက်ပါတယ် နော်။ ဟန်ယိုဟန်ဆိုတဲ့ အထက်တန်းကျောင်းသားလေးဟာ အကပါရမီရှင်ဖြစ်ပေမဲ့ အိုင်ဒေါဖြစ် လာဖိုအတွက် နာမည်ကြီး အနုပညာကျောင်းကနေ ဟန်ဘစ်အနုပညာအထက်တန်းကျောင်းကို ပြောင်းလာပါတော့တယ်။ ဒါပေမဲ့ မထင်မှတ်ထားတဲ့ မတော်တဆမှုကြောင့် သူ့ရဲ့အိပ်မက်တွေ ရိုက်ချိုးခံလိုက်ရပါတော့တယ်။ အွန်ဂျီမင်ကတော့ အိုင်ဒေါဖြစ်ဖို မွေးဖွားလာသူလို ဆိုရမယ့်အထိ ပါရမီပါတဲ့သူပါ။ ဒါပေမဲ့ မိဘတွေရဲ့ အဆင်မပြေမှုတွေကြောင့် စာကိုသာဖိကြိုးစားပြီး စိတ်ဖိစီးမှုတွေနဲ့ နေနေရတဲ့ကောင်မလေးပါ။ သူတိုနှစ်ယောက် တွေဆုံပြီး ဘယ်သူတွေနဲ့အတူတူ အိပ်မက်တွေဆီ အရောက်သွားမလဲ။ အတောင်ကိုယ်စီ ကျိုးထားတဲ့ငှက်ငယ် လေးတွေမို ဘယ်လိုခွန်အားတွေနဲ့ အမြင့်ကိုတက်ဖို ကြိုးစားကြမလဲဆိုတာကို Gold Channel နဲ့အတူတူ ကြည့်ရှုခံစားလိုက်ရအောင်ပါ။