Movie Name
Lies Hidden In My Garden (2023)
Year
2023
Generes
Crime
Code
SKR0853
Type
Series
Size
2.57 GB
Country
Korea
Description
1-8 Completed Lies Hidden In My Garden (2023) (အညွှန်း) ================================ သူ့ခေတ်သူ့အခါနဲ့ ဗီလိန်ဇာတ်ရုပ်တွေကို ပိုင်ပိုင်နိုင်နိုင်သရုပ်ဆောင်နိုင်ခဲ့ပြီး လင်းလက်တောက်ပနေဆဲဖြစ်တဲ့ ကြယ်ပွင့်နှစ်ပွင့်ကို အတူယှဉ်ပြီးမြင်ရမယ့် “Lies Hidden In My Garden” ကို ENAက လာမယ့် အင်္ဂါနေ့မှာထုတ်လွှင့်သသွားမှာပဲ ဖြစ်ပါတယ်။ 2020 ခုနှစ်ရဲ့ “Hi Bye, Mama” အပြီး “Kim Tae Hee” ရဲ့ ၃ နှစ်ကြာ hiatus အပြီး ပြန် comeback တဲ့ စီးရီးလည်းဖြစ်သလို “The Glory” နဲ့အောင်မြင်မှုတွေကို အပိုင်သိမ်းနိုင်ခဲ့တဲ့ “Lim Ji Yeon” ကို နောက်ထပ်ကွဲပြားတဲ့ဇာတ်ရုပ်နဲ့တွေ့မြင်ရဦးမယ့်စီးရီးဆိုလည်း မမှားပါဘူး။ မျိုးရိုးအားဖြင့်ချမ်းသာပြီး ခင်ပွန်းသည်က ဆရာဝန်တစ်ယောက်ဖြစ်သလို သာယာပျော်ရွှင်တဲ့အိမ်ထောင်ရေးဘဝကိုပိုင်ဆိုင်ထားတဲ့ “Joo Ran” .. အစစအရာရာပြီးပြည့်စုံပြီး ငြိမ်းချမ်းသာယာနေတဲ့ Joo Ran ရဲ့ဘဝဟာ သူတိုအိမ်ခြံဝန်းအနောက်ဘက်ကနေ ထူးဆန်းတဲ့အနံ့ကြီးကို သတိထားလိုက်မိတဲ့အချိန်ကစပြီး ဂယက်တွေစလာပါတော့တယ်။ တစ်ဖက်မှာလည်း Joo Ran နဲ့မိုးနဲ့မြေလိုကွာခြားတဲ့ဘဝကိုပိုင်ဆိုင်ထားတဲ့ “Sang Eun” ကတော့ ငွေကြေးအားဖြင့်လည်းမပြည့်စုံသလို ခင်ပွန်းသည်ရဲ့ အိမ်တွင်းအကြမ်းဖက်မှုကိုပါခံနေရတဲ့ အမျိုးသမီးတစ်ယောက်ပါ။ ဒီလိုနဲ့တစ်နေ့မှာ Sang Eun အတွက် ငရဲနဲ့တူတဲ့ခင်ပွန်းဖြစ်သူ ဆုံးပါးသွားပြီဆိုတဲ့ဖုန်းကောလ်တစ်ခုဝင်လာအပြီး မတူညီတဲ့ဘဝနှစ်မျိုးနဲ့အမျိုးသမီးနှစ်ဦး ဆုံစည်းဖိုရာ အကြောင်းဖန်လာပါတော့တယ်။ စာရေးဆရာမ “Kim Jin Young” ရဲ့ ရောင်းအားအကောင်းဆုံးဝတ္ထုကို ပြန်ရိုက်ကူးထားတာဖြစ်သလို “Twenty Five Twenty One, The King: Eternal Monarch, Search: WWW, Mr. Sunshine” စတဲ့ နာမည်ကျော်လူကြိုက်များတဲ့စီးရီးတွေရဲ့ ပဲ့ကိုင်ရှင် ဒါရိုက်တာ “Jung Ji Hyun” ရဲ့ လက်ရာလည်းဖြစ်တာမို ကြည့်ကိုကြည့်သင့်တဲ့ကားလေးပါ။ စုစုပေါင်း အပိုင်း ၈ ပိုင်းနဲ့ thriller, mystery အမျိုးအစားစီးရီးဖြစ်သလို တစ်ပိုင်းချင်းစီက plot twist ပေါင်းစုံနဲ့ အမိုက်စားဖြစ်နေဦးမှာမို CM ကနေ အပတ်စဉ် တနင်္လာ၊ အင်္ဂါတိုင်းတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။