-
Movie Name
-
The Longest Promise (2023)
-
Year
-
2023
-
Generes
-
Historical, Romance
-
Code
-
SC0656
-
Type
-
Series
-
Size
-
14.4 GB
-
Country
-
China
-
Description
-
1-40 Completed
CM ပရိသတ်ကြီးတို့နဲ့ ရင်းနှီးနေပြီးသား မင်းသားဖြစ်တဲ့ Xiao Zhan ရဲ့
ရှန်းရှကားအသစ်လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။
ဒီဇာတ်လမ်းမှာတော့ မင်းသား Xiao Zhan နဲ့ မင်းသမီး Ren Min တို့က
အဓိကသရုပ်ဆောင်တွေအဖြစ် ပါဝင်ထားပါတယ်။
ဇာတ်လမ်းအကျဉ်းကိုပြောပြရရင် ရှေးအခါတုန်းက
ခုံစမ်းနိုင်ငံမှာ အေးဆေးတည်ငြိမ်တဲ့ ခုံစန်းမင်းသား ရှစ်ယင် (Xiao Zhan )နဲ့ ရိုးသားချောမောတဲ့
ချီကျူးမင်းသမီးလေး ကျူးယန် ( Ren Min ) တို့ရှိပါတယ်
သူတို့၂ယောက်မှာ အတိတ်ဘဝ က ကြိုတင်သတ်မှတ်ထားတဲ့
တွေ့ဆုံရမယ့် ကံကြမ္မာတစ်ခုရှိပေမယ့်လည်း
ဒီဘဝမှာတော့ လွဲမှားမှုတစ်ခုကြောင့် သူတို့ဟာ
၃ နှစ်တိုင်တိုင် ဆရာနဲ့ တပည့်ဖြစ်လာခဲ့ပါတယ်။
ရှစ်ယင်က ကျူးယန်ကို မြင်မြင်ချင်း ချစ်မိသွားခဲ့တာပါ။
ကျူးယန် ၁၃ နှစ်အရွယ်မှာ ရှစ်ယင်က ကျူးယန်ကို
ကျိုးယိတောင်ကို လွှတ်လိုက်ပြီးတော့ သူ့ကို ကျောက်စိမ်းအရိုး ပေးခဲ့ပါတယ်။
ကျောက်စိမ်းအရိုးဆိုတာ ခုံစန်းဧကရာဇ်တွေက
သတို့သမီးတွေကို ပေးလေ့ရှိတဲ့ လက်ဆောင်ပဏ္ဍာတစ်ခုပါ။
တချိန်မှာ မိစ္ဆာတွေထကြွလာတဲ့အခါ ခုံစန်းနိုင်ငံဟာ အန္တရာယ်ကျရောက်လာခဲ့တယ်။
ကျူးယန်နဲ့အတူ ကြီးပြင်းလာခဲ့တဲ့ ကျစ်ယွမ်ကို
ပင်လယ်ဧကရာဇ်လို့ ရှစ်ယင်က အထင်မှားသွားခဲ့ပြီးတော့
ကျစ်ယွမ်ကို ပိတ်လှောင်ခဲ့ပါတယ်။ ဒီလုပ်ရပ်ဟာ
ရှစ်ယင်နဲ့ ကျူးယန်ကြား သဘောထားကွဲလွဲမှုကို ဖြစ်သွားစေခဲ့တယ်။
ထွက်ပေါ်ထားတဲ့ ကြိုဟောနိမိတ်စကားအရ ကျူးယန်က ရှစ်ယင်ကို
သူပေးထားတဲ့ ကျောက်စိမ်းအရိုးနဲ့ထိုးပြီး သတ်ပစ်မယ်ဆိုတဲ့ ဟောကိန်းလေး
တခုရှိပါသေးတယ်
ဒါဆိုရင် ဒီကြိုဟောနိမိတ်က တကယ်ပဲဖြစ်လာမလား၊
ရှစ်ယင်နဲ့ ကျူးယန်တို့ကရော ဒီဘဝမှာ ပေါင်းစည်းနိုင်ပါ့မလား
ဆိုတာကိုတော့ ဒီဇာတ်ကားထဲမှာ ခံစားချက်မျိုးစုံနဲ့ ကြည့်ရှုရမှာ ဖြစ်ပါတယ်။