Movie Name
Where The Devil Can’t Go, He Sends A Woman 2 (2023)
Year
2023
Generes
Comedy, Crime
Code
EN2940
Type
Movie
Size
1.09 GB
Country
Hollywood
Description
ဒီတစ်ခါ မိတ်ဆက်ပေးချင်တာကတော့ IMDb 5.7/10 ရရှိထားတဲ့ ပိုလန်စကားပြော Comedy/Crime/Drama ကားလေးပါ။ ဇာတ်လမ်းကတော့ ၁၉၉၀-၂၀၀၀ခုနှစ် ဝန်းကျင်က ပိုလန်နိုင်ငံရဲ့ စီးပွားရေး အားပြိုင်မှုတွေကြားထဲက လူလိမ်တစ်ဖြစ်လည်း ကုန်သည်ဖြစ်သူ ခါဇုမီယက်ဇ်ဘွန်ချက်ဇ်ရဲ့ မျိုးစုံကြိုးခုန်တတ်တဲ့၊ စီးပွားရေးကွက်ကျော်ရိုက်၊ ကလိမ်စေ့ငြမ်းစင်ပုံတွေကို ပုံဖော်ထားတာဖြစ်ပါတယ်။ သူကိုယ်တိုင်ကျ ကွက်ကျော်ရိုက်တတ်ပေမယ့် ကားခိုးမှုတွေများနေတဲ့နိုင်ငံမှာ သူ့ကားအခိုးခံရမှာကြောက်လို့ ကားစတီယာရင်ကို ဘယ်သွားသွားချွတ်ယူသွားတတ်တဲ့ ခါဇုတစ်ယောက် နိုင်ငံပိုင်ကုမ္ပဏီတွေကို ပုဂ္ဂလိပိုင်ဖြစ်အောင် ဘယ်လိုလုပ်ပြီး သန်းပေါင်းများစွာကို ဘယ်လိုအိတ်ထဲထည့်ခဲ့သလဲ၊ သတင်းအချက်အလက်တွေရယူဖို့ ဘယ်လိုလမ်းကြောင်းကနေ ကြိုးစားခဲ့သလဲ၊ ရာဇဝတ်မှုတွေကို ဘယ်လိုကျူးလွန်ခဲ့သလဲဆိုတာကို ရှုစားရမှာပါ။ ဥပဒေကို လက်တစ်လုံးခြားလုပ်နေတဲ့သူ့ကို ဖမ်းဖို့ကြိုးစားခဲ့တဲ့ ရဲအရာရှိကိုရော ဘယ်လိုနှစ်ပေါက်တစ်ပေါက်ရိုက် လှည့်ထွက်ခဲ့သလဲ၊ အဲဒီ ရဲအရာရှိကရော သူ့ကို တကယ်ဖမ်းဆီးနိုင်ပါ့မလား၊ ဂျင်ပေါ်ကထုံးဖြစ်တဲ့ ခါဇုတစ်ယောက် ငွေနဲ့ပတ်သက်လာတဲ့အခါ ယုံကြည်ရတဲ့မိတ်ဆွေတွေကို အရင်အတိုင်း ဆက်ယုံကြည်နိုင်မှာလား၊ ခါဇုကိုရော သူ့ရဲ့မိတ်ဆွေတွေက နောက်ဆုံးအချိန်ထိ ယုံကြည်ပေးသွားမှာလား ဆိုတာကိုတော့ ဇာတ်လမ်းလေးထဲမှာပဲ (ထုံးစံအတိုင်း မိသားစုနဲ့ကြည့်ဖို့မသင့်တဲ့ တချို့ဇာတ်ဝင်ခန်းတွေကို တစ်ယောက်တည်းကြည့်ရင်း) ကြည့်ရှုလိုက်ကြပါဦးနော်။ (ဒီဇာတ်ကားရဲ့ အညွန်းနဲ့ဘာသာပြန်ကတော့ Emily ပဲဖြစ်ပါတယ်)