-
Movie Name
-
The Dog Lover’s Guide To Dating (2023)
-
Year
-
2023
-
Generes
-
Comedy, Romance
-
Code
-
EN2945
-
Type
-
Movie
-
Size
-
944 MB
-
Country
-
Hollywood
-
Description
-
ဒီဇာတ်ကားလေးဟာ လောလောလတ်လတ်ထွက်ရှိထားတဲ့ Romance and Comedy အမျိုးအစားဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။ ခွေးလေးတွေချစ်တတ်တဲ့သူတွေအတွက် ခွေးထိန်းရင်းရည်းစားရအောင်လုပ်နည်းတွေပြောပြထားတဲ့ဇာတ်ကားကောင်းလေးတစ်ကားဆိုလည်းမမှားပါဘူး။ ဒီဇာတ်ကားလေးထဲမှာ လူတွေကိုအယုံအကြည်မရှိတော့လို့ခွေးလေးတွေထိန်းကျောင်းရင်းနဲ့ပဲဘဝကိုဖြတ်သန်းသွားချင်တော့တယ်ဆိုတဲ့ ခွေးလေးတွေကိုနည်းပြလုပ်ပေးတဲ့ အဲလက်စ်ဆိုတဲ့ကောင်မလေးနဲ့ နာမည်ကြီးကြော်ငြာထုတ်လုပ်ရေးပိုင်ရှင် ဆိုင်မန်တို့ရဲ့ အချစ်ဇာတ်လမ်းလေးကိုစီးမြောခံစားကြရမှာပါ။
ငယ်စဉ်ကတည်းကဖခင်ဖြစ်သူက စွန့်ပစ်သွားတာကိုစိတ်ဒဏ်ရာရနေခဲ့ပြီး အရွယ်ရောက်ချိန်မှာ ရည်းစားထား အိမ်ထောင်ပြုဖို့အယုံအကြည်မရှိတော့တဲ့အဲလက်စ်တစ်ယောက်ဟာ ခွေးလေးတွေနဲ့ပဲအချိန်ကုန်ဆုံးရင်းတစ်နေ့မှာဆိုင်မန်နဲ့ အမှတ်မထင်ဆုံခဲ့ကြရာက ဒီဇာတ်လမ်းလေးဖြစ်ပေါ်လာခဲ့တာပါ။ ဆိုင်မန်ဟာ ကလိုဝီဆိုတဲ့နာမည်ကျော်ဒီဇိုင်နာတစ်ယောက်ရဲ့အချစ်ကိုရဖို့ကလိုဝီရဲ့ခွေးလေးဆိုင်မန်နဲ့ အရင်နီးစပ်ဖို့လိုတာမို့ ဆွေးလေးဆိုင်မန်ကိုယဉ်ပါးအောင်ထိန်းကျောင်းဖို့အဲလက်စ်ဆီကနေအကြံပြုချက်လေးတွေသင်ယူရင်းနောက်ဆုံးမှာ သူ့ကိုယ်သူရှာတွေ့သွားပြီး အချစ်အကြောင်းဘာမှမသိပါဘူးဆိုတဲ့ဆရာမကြီးအဲလက်စ်ရဲ့အချစ်သင်ခန်းစာတွေမှာတဖြည်းဖြည်းနစ်ဝင်သွားကာအချစ်ဆိုတဲ့အရသာကိုခံစားမိသွားပြီး အချစ်နောက်ကို တကောက်ကောက်လိုက်ခဲ့ပုံနဲ့ အချစ်ကိုရောလူတွေကိုရောအယုံအကြည်မရှိပါဘူးဆိုပြီးစကားအကုန်ပြောထားတဲ့ဆရာမကြီးအဲလက်စ်ဟာဆိုင်မန့်ကိုသင်ခန်းစာတွေသင်ပေးရင်းသူကိုယ်တိုင်အချစ်မှာကျရှုံးခဲ့ရပုံကိုတစ်ဝကြီးခံစားကြည့်ရှူရမှာပါ။