Movie Name
Paayum Oli Nee Yenakku (2023)
Year
2023
Generes
Code
IND0806
Type
Movie
Size
815 MB
Country
Bollywood
Description
Paayum Oli Nee Yenakku(2023) IMDb-6.5/10 လောလောလတ်လတ်ထွက်ရှိထားတဲ့ အိန္ဒိယတမီးလ်အက်ရှင်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ အက်ရှင်တွေကြားထဲမှာ အိုင်တီပညာရှင်လေးနဲ့ အခမ်းအနားအပြင်အဆင်တွေတာဝန်ယူလုပ်ကိုင်နေတဲ့ အမျိုးသမီးလေးတို့ကြားက ရိုမန့်စ်လေးကိုလည်း ခံစားကြရမှာပါ။ အိုင်တီပညာရှင် အရာဗင်က ရှားပါးတဲ့အမြင်အာရုံချို့ယွင်းမှုကို ခံစားနေရပြီး အလင်းရောင်ထဲမှာပဲ သူ့မျက်လုံးတွေက မြင်နိုင်စွမ်းရှိတာပါ။အဲဒီအခြေအနေကြောင့်ပဲ ဖြစ်ခဲ့တဲ့ မတော်တဆမှုတခုကနေ သူ့မိဘတွေကို ဆုံးရှုံးခဲ့ရပါတယ်။ ဒါပေမယ့် ဦးလေးဖြစ်သူမိသားစုနဲ့အတူနေရင်း ပျော်ရွှင်တဲ့မိသားစုဘ၀လေးပိုင်ဆိုင်ပြီး ချစ်ရသူလေးနဲ့ကလည်း အပေးအယူတွေမျှနေပါပြီ။ ဒီလိုနဲ့တစ်ရက် အိမ်အပြန်လမ်းမှာ မသမာသူလူတစုရဲ့ ပြန်ပေးဆွဲခြင်းခံလိုက်ရတာကနေစ သူ့အဖေဆုံးပါးသွားခဲ့ရတာရော သူ့အလုပ်နဲ့ပတ်သက်တာတွေကရော သွေးရိုးသားရိုးမဟုတ်ဘူးဆိုတာ သိလိုက်ရပါတော့တယ်။မမျှော်လင့်ထားတဲ့ အကူအညီကြောင့် သူပြန်လွတ်မြောက်လာပြီးနောက်မှတော့ ဖြစ်စဉ်တွေအကုန်လုံးကို ပြန်ပြီးဖော်ထုတ်နိင်မလားဆိုတာ ကြည့်ရှုလိုက်ကြပါဦး။