Movie Name
Battle For Happiness (2023)
Year
2023
Generes
Drama
Code
SKR0860
Type
Series
Size
5.30 GB
Country
Korea
Description
Happiness Battle (2023) ********************** အပိုင်း( ၁ မှ ၁၆ ) ထိ စ/ဆုံး Song Jung-A ၊ Kim Na-Young နဲ့ Oh Yoo-Jin ဆိုတဲ့ မတူညီတဲ့ background တွေရှိကြတဲ့ မိခင်သုံးယောက်ဟာ ဘယ်သူက ပိုပြီး ပျော်ရွှင်‌နေနိုင်လဲ ဆိုတာကို လူမှုကွန်ရက်ပေါ်မှာ အချင်းချင်း အပြင်းအထန် ယှဉ်ပြိုင်နေကြတဲ့ နာမည်ကြီး influencers တွေပါ… ဒီတော့ ကိုယ်အောင်မြင်ဖို့အရေး သူတို့ဟာ တစ်ယောက်နဲ့တစ်ယောက်ရဲ့ ပျော်ရွှင်မှုတွေကို ဖျက်ဆီးဖို့ ဆိုရှယ်မီဒီယာပေါ်မှာ အကြိတ်အနယ် တိုက်ပွဲဝင်ကြပါတယ်… Hwang Ji-Ye ဟာ ဘဏ်တစ်ခုမှာ အလုပ်လုပ်‌နေတဲ့ မိခင်တစ်ဦးဖြစ်ပြီး သူမဟာ ထိုသုံးယောက်ရဲ့ ပျော်ရွှင်မှုတိုက်ပွဲထဲမှာ ပါဝင်သူတစ်ဦး မဟုတ်သော်လည်း ထိုအရာတွေကို အနီးကပ်မြင်ရတဲ့သူပါ… တစ်နေ့မှာ ထိုမိခင်သုံးယောက်ထဲက တစ်ယောက်ဟာ ထူးဆန်းစွာ ရုတ်တရက် သေဆုံးသွားတဲ့အခါ . . Jang Mi-Ho ဟာ ဘဏ်တစ်ခုရဲ့ marketing ဌာနမှာ လက်ထောက်မန်နေဂျာအဖြစ် အလုပ်လုပ်နေသူဖြစ်ပြီး သူတို့အားလုံးရဲ့ နောက်ကွယ်က လျှို့ဝှက်ချက်ကို ဖော်ထုတ်ဖို့အတွက် မိခင်တွေရဲ့ ဆိုရှယ်မီဒီယာပေါ်က ပျော်ရွှင်မှုတိုက်ပွဲထဲကို ခုန်ဝင်ခဲ့ပါတယ် . . ဒီဇာတ်ကားဟာ စာရေးဆရာ Joo Young Ha ရဲ့ နာမည်ကြီးဝတ္ထု Happiness Battle ကို ပြန်လည်ရိုက်ကူးထားတာဖြစ်လို့ ရင်ခုန်စိတ်လှုပ်ရှားရမယ့် ဇာတ်‌ကားကောင်း တစ်ကားဖြစ်ပြီး လောင်မြိုက်တဲ့ဟာတွေမှ အရသာတွေ့တဲ့ပရိတ်သတ်တွေအတွက်ရွှေဖြစ်မယ်လို့ခန်းမှန်းပေးပါရစေ…