Movie Name
Fireworks Of My Heart (လောကမြေလွှာထက်မှ မီးရှူးပန်း)(2023)
Year
2023
Generes
Action, Romance
Code
SC0657
Type
Series
Size
15.8 GB
Country
China
Description
1-40 Completed CM ကနေတရုတ်ဇာတ်ကားလေးတွေကို တင်ဆက်ပေးလာရင်းနဲ့ ဒီတစ်ခါမှာလည်း CM ပရိသတ်တွေအတွက် Fireworks of My Heart ဆိုတဲ့ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ချင်ပါတယ်။ Love O2O ဇာတ်ကားနဲ့လူကြိုက်များလာတဲ့ Yang Yang ကတော့မတူညီတဲ့ ဇာတ်ကောင်တွေမှာ သရုပ်ဆောင်ပြီး ပရိသတ်ကိုဖမ်းစားရင်းနဲ့ ဒီတစ်ခါမှာတော့ မီးသတ်သမားလေးအဖြစ်အနေနဲ့တွေ့မြင်ရမှာဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာ မီးသတ်အဖွဲ့ခေါင်းဆောင် စုန့်ယန့် (Yang Yang) နှင့်ဆေးရုံးအရေးပေါ်ဌာနရဲ့ ဒေါက်တာမလေး ရွှီချင့် (Wang CHu Ran)တို့က ကျောင်းသားငယ်ဘဝမှာ ခင်မင်ရင်းနှီးကြတဲ့အိမ်နီးနားချင်းမိတ်ဆွေတွေပေါ့။ ဒီလိုနဲ့သူငယ်ချင်းကနေချစ်သူတွေဖြစ်ကြတဲ့အချိန် နှစ်ဖက်မိဘရဲ့ နှစ်ဦးကြားမှာ ကန့်ကွက်ပိတ်ပင်မှုတွေကြောင့် နှစ်ယောက်သားဝေးကွာခဲ့ရပြီး ရွှီချင့်ကတော့နိုင်ငံခြားကိုထွက်သွားခဲ့တယ်။ နှစ်ယောက်သားနှစ်ပေါင်းများစွာဝေးကွာပြီး ရွှီချင့်တစ်ယောက်ပြန်လာခဲ့တဲ့အချိန် တစ်နေ့တော့ သူတို့ဌာနကို စုန့်ယန့်တို့မီးသတ်အဖွဲ့ဆေးရုံလာပြသရာ နှစ်ဦးသားပြန်လည်တွေ့ဆုံဖို့အကြောင်းဖန်လာခဲ့တယ်။ ဒီလိုနဲ့ နှစ်ဦးသားအေးစက်တဲ့ ဆက်ဆံရေးကိုတဖန် ပြန်နွေးထွေးသွားအောင်လုပ်ပေးနိင်မလား။ နှစ်ဦးကြား နားလည်မှုလွဲပြီးလွဲမှားခဲ့တာကို ဘယ်လိုပြန်အဆင်ပြေအောင်ညှိယူကြမလဲ။ နှစ်ဖက်မိဘသဘောမတူတဲ့ နှစ်ယောက်ကကော ဘယ်လိုတွေလက်ခံလာအောင် ကြိုးစားယူကြမလဲ။ အစရှိတာတွေကိုတော့ ဒီဇာတ်လမ်းလေးကိုကြည့်ရူရင်းနဲ့ CM တရုတ်အဖွဲ့သားတွေနှင့်အတူတူအဖြေရှာကြရအောင် ~