Movie Name
Miraculous Ladybug And Cat Noir The Movie (2023)
Year
2023
Generes
Action, Animation
Code
AN0602
Type
Movie
Size
830 MB
Country
Hollywood
Description
Miraculous : Ladybug & Cat Noir, The Movie (2023) ပေါ့ပေါ့ပါးပါး superhero ကာတွန်းလေးတွေကြိုက်တဲ့လူတိုင်းသိကြတဲ့ ပြင်သစ်ဂျပန် ဖက်စပ်လက်ရာလေးဖြစ်တဲ့ Miraculous seriesကြီးရဲ့ movie version ထွက်ရှိလို့လာပါပြီ။ ကလေးကြိုက်ကာတွန်းပီပီ အခွီလေးတွေလည်းပါ အစွမ်းတွေသုံးပြီးချတဲ့ ဝူးရှူးဝါးရှားလေးတွေလည်းပါမှာဆိုတော့ ပိတ်ရက်မှာအပျင်းပြေကြည့်ချင်သူတွေအတွက် ကွက်တိဖြစ်မှာပါ။ မယ်ရီနက်ဆိုတဲ့ကောင်မလေးဟာ warming familyကလာတဲ့ အချစ်ခံကောင်မလေးတစ်ယောက် ဒါပေမဲ့ နမော်နမဲ့နဲ့ အမြဲဗရုတ်သုတ်ခရှုပ်ပွနေတတ်တဲ့ ပြဿနာအိုးမလေးဆိုရင်လည်း မမှားပါဘူး။ ပြဿနာနဲ့ သူငယ်ချင်းပေါင်းပေါင်းနေတဲ့ မယ်ရီနက်ကို ပေါင်းရဲတဲ့သူငယ်ချင်းကလည်းမရှိတော့ teenage issueပေါင်းစုံနဲ့ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုကလည်းမရှိ အနိုင်ကျင့်ချင်သူတွေ အပုပ်ချချင်သူတွေလည်း ဒုနဲ့ဒေးပေါ့။ မယ်ရီနက်နဲ့ဆန့်ကျင်ဘက်ကမ္ဘာမှာတော့ အေဒရီယန်ဆိုတဲ့ကောင်လေးတစ်ယောက်ရှိပါသတဲ့။ အေဒရီယန်ဟာ ဥစ္စာပေါ ရုပ်ချောဖြစ်တဲ့ ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ဖြစ်ပြီး အပေါင်းအသင်းတွေ ဝိုင်းဝိုင်းလည်နေတဲ့ စော်ကြည်ဘဲလေးပေါ့။ ဒါပေမဲ့ အနေအထိုင်အသွားအလာအကုန်ဆင်ခြင်ပြီးနေရတဲ့ဘဝမှာ ရှင်သန်နေရတဲ့ အပြင် မိဘမေတ္တာငတ်မွတ်နေရတဲ့ ပြီးပြည့်စုံတယ်ထင်ရတဲ့ ဒီလူသားလေးရဲ့ကွက်လပ်ကို ဘယ်သူမှမမြင်ပါဘူး။ အမေဖြစ်သူဆုံးသွားပြီးထဲက အလုပ်ကိုပဲမြင်တော့တဲ့အဖေကြောင့် အေးစက်နေတဲ့ သူဟာလည်း တစ်မျိုးတစ်ဖုံ အထီးကျန်နေပါတော့တယ်။ ဒီလိုနဲ့ Butterfly miraculous တစ်စုံကို ထုတ်သုံးတဲ့လူရှိလာတာကြောင့် ထွက်ပေါ်လာတဲ့ Miraculous တစ်စုံက ဒီအထီးကျန်နှလုံးသားတစ်စုံကို ရွေးချယ်လိုက်ချိန်မှာတော့…. Butterfly miraculous ကြောင့် ဖြစ်လာတဲ့ မကောင်းဆိုးဝါးတွေကို ‌Ladybugနဲ့ Cat Noirတစ်ဖြစ်လည်း မယ်ရီနက်နဲ့အေဒရီယန်တို့ ဘယ်လိုကယ်ဆယ်သွားကြမလဲ။ Butterfly miraculous ကို ကိုင်ဆောင်ထားသူကို နှိမ်နင်းပြီးတော့ Miraculous စောင့်ရှောက်သူလက်ထဲကို ဘယ်လိုပြန်လည်ပေးအပ်သွားမလဲဆိုတာ ကြည့်ရှုရင်း အပန်းဖြေလိုက်ရအောင်ပါ။