Movie Name
Tarla (2023)
Year
2023
Generes
Biography, Drama
Code
IND0814
Type
Movie
Size
875 MB
Country
Bollywood
Description
Tarla(2023) CM ပရိသတ်တွေကို ဒီတစ်ခါတင်ဆက်ပေးချင်တဲ့ ကားလေးကတော့ IMDb 7/10 ရရှိထားတဲ့ကားလေးပဲဖြစ်ပါတယ်။ လူသားမဆန်တဲ့ အိမ်ထောင်ရေးရယ်လို့ ပြောရမယ်ဆိုရင် အိန္ဒိယနိုင်ငံရဲ့အိမ်ထောင်ရေးဆိုင်ရာဓလေ့တွေကလည်း ထိပ်ဆုံးကပြေးမြင်မိတဲ့ထဲ ပါနေလိမ့်မယ်ထင်ပါတယ်။ ဘာအတတ်ပညာတွေတတ်ထာ:တတ်ထား အချိန်တန်သတို့သားအိမ်လာကြည့်တာနဲ့ ဟင်းချက်စွမ်းရည်နဲ့ အိမ်ထောင်မှုနိင်နင်းတဲ့အကြောင်းပဲ အသားပေးပြပြီးလက်ထပ်။ ဒီလိုနဲ့ အိမ်ထောင်ကျ ကလေးမွေးရင်း ချက်ပြုတ်ကျွေးမွေး၊ တစ်ဖက်က ယောကျာ်းလေးကလည်း မိုးလင်းတာနဲ့ သံပတ်ပေးထားသလို အိပ်ယာထ၊ အလုပ်သွား၊ ပြန်အိပ် စတဲ့ ဒုံရင်းသောတစ်နေ့တာနဲ့ ငြီးငွေ့လောက်စရာ အိမ်ထောင်ရေးတွေကိုလည်း တော်တော်များများမြင်ဖူးကြမှာပါ။ ဒီကားလေးမှာတော့ တာလာဟာ ဘဝမှာ ငါတစ်ခုခုတော့ဖြစ်ရမယ်ဆိုတဲ့ ဉာဏ်ကောင်းကောင်း ဟင်းချက်လက်ရာကောင်းကောင်းနဲ့ကောင်မလေးတစ်ယောက်ပါ။ ဒါပေမယ့် သူဖြစ်ချင်တာ ဘာရယ်လို့ ကွဲကွဲပြားပြားမသိသေးခင်မှာပဲ အိမ်ထောင်ရေးဆိုတဲ့ရထားကြီး သူမဆီဆိုက်ရောက်လာပါတော့တယ်။ သားသတ်လွတ်သမားမင်းသမီးနဲ့ အသားဟင်းသိပ်မစွဲလန်းတဲ့မင်းသားတို့ တစ်နေ့တာတွေကို ဘာရယ်မသိဖြတ်သန်းလာရင်း နှစ်ချီလာတဲ့နောက် နောက်ကွယ်မှာ အသားခိုးစားနေတဲ့ ယောကျာ်းကိုမိသွားတဲ့အခါ …။ ချောင်ထိုးထားတဲ့ တီထွင်နိုင်စွမ်းတွေ အစွမ်းကုန်အသုံးချလို့ ယောကျာ်းအသားမစားရေးလှုပ်ရှားမှုကြီး စပြီး ဟင်းတွေကို တီထွင်ပါတော့တယ်။ ဒီလိုနဲ့ သူ့ရဲ့ဆန်းသစ်တဲ့ဟင်းချက်လက်ရာအစွမ်းနဲ့ သူတို့တိုက်ကကောင်မလေးကိုပါ အိမ်ထောင်ချပေးလိုက်နိုင်ပြီးတော့ နာမည်ကြီးသွားပြီး သင်တန်းတွေပါဖွင်လိုက်ရတဲ့သူမ..။ မမျှော်လင့်တဲ့ အချိုးအကွေ့တွေနဲ့ကြုံလာတဲ့အခါ ဘယ်လိုတွေ ရုန်းကန်မလဲ၊ ရင်ဆိုင်မလဲ ၊ ဘာတွေ ဆက်ဖြစ်မလဲဆိုတာကို ပေါ့ပေါ့ပါးပါးလေးကြည့်ရှုနိုင်မယ့် ဖြစ်ရပ်မှန် ဇာတ်လမ်းသစ်လေးကို Cm Bollywood Team မှ Aditi, V နဲ့ ZWE တို့မှ ဘာသာပြန်တင်ဆက်ပေးလိုက်ရပါတယ်နော်။