-
Movie Name
-
Remember Yesterday (2022)
-
Year
-
2022
-
Generes
-
Romance
-
Code
-
EN2990
-
Type
-
Movie
-
Size
-
602 MB
-
Country
-
Hollywood
-
Description
-
Remember Yesterday(2022)
**************************
ဂျန်နီဆိုတဲ့ကောင်မလေးကအိမ်ထောင်ကွဲထားတာသိပ်မကြာသေးပဲဘဝကို
အထီးကျန်စွာနဲ့ဖြတ်သန်းနေတဲ့ကောင်မလေးတစ်ယောက်ပဲဖြစ်ပါတယ်။
ယောက်ျားဖြစ်သူကအရက်တွေပဲလှိမ့်သောက်နေတဲ့အတွက်အိမ်ထောင်ရေးအဆင်မပြေဖြစ်ပြီး
ကွဲကွာထားရတာပဲဖြစ်ပါတယ်။သူ့အတွက်အစ်ကိုဖြစ်သူနဲ့သူငယ်ချင်းတွေရှိပေမဲ့လည်း
ဘဝမှာလစ်ဟာနေတဲ့နှလုံးသားထဲကကွက်လပ်ကြီးတစ်ခုကတော့ရှိနေပါသေးတယ်။
ဒီလိုနဲ့သိပ်မကြာခင်မှာပဲဂျန်နီနေထိုင်တဲ့နယ်မြို့လေးကိုသူရဲ့ရည်းစားဟောင်းဂျွန်ကရုပ်ရှင်ရိုက်ဖို့အတွက်ဆိုပြီး
ပြန်လာခဲ့ပါတော့တယ်။အဲ့ဒီမှာတင်နဂိုကတည်းကမှမနည်းထိန်းထားရတဲ့ယိုင်နဲ့နေတဲ့
နှလုံးသားလေးကိုလှိုင်းလုံးကြီးတွေရိုက်ခတ်သလိုရိုက်ခတ်လာပါတော့တယ်။
ဘာလို့လဲဆိုတော့သူနဲ့ဂျွန်တို့လမ်းခွဲခဲ့ကြတာဟာမချစ်လို့မဟုတ်ပဲနဲ့ဂျွန်ရုပ်ရှင်
ပညာနဲ့ပတ်သတ်ပြီးအသက်မွေးဝမ်းကျောင်းလုပ်ဖို့အတွက်မြို့ကြီးပြကြီးတွေကို
တက်သွားခဲ့လို့ပဲဖြစ်ပါတယ်။အဲ့ဒီလိုသွားဖို့တွန်းအားပေးခဲ့တာလဲဂျန်နီပဲဖြစ်ပါတယ်။
ကံကြမ္မာကအရမ်းချစ်ခဲ့ကြတဲ့ချစ်သူဟောင်းနှစ်ယောက်ကိုပြန်လည်ဆုံစည်းပေးခဲ့တဲ့အခါမှာတော့
လူအများစုအိပ်မက်မက်နေကြတဲ့ရည်းစားဟောင်းလေးနဲ့ပြန်အဆင်ပြေဖို့အိပ်မက်လေးတွေများ
တကယ်ပြန်ဖြစ်သွားမလား။သူတို့နှစ်ယောက်ရဲ့အရင်တုန်းကမဖြောင့်ဖြူးခဲ့တဲ့အချစ်လမ်းခရီးကရော
ဒီအချိန်မှာဘာတွေများထူးခြားသွားမလဲဆိုတာကိုကြည့်ရမဲ့ရိုမန့်တစ်ဆန်တဲ့အချစ်ဇာတ်ကားလေးတစ်ကားပဲဖြစ်ပါတယ်။