-
Movie Name
-
Limbo (2023)
-
Year
-
2023
-
Generes
-
Comedy, Drama
-
Code
-
EN2991
-
Type
-
Movie
-
Size
-
517 MB
-
Country
-
Hollywood
-
Description
-
Limbo (2023)
===========
IMDb Rating 6.3, Rotten Tomatoes 96% ရရှိထားတဲ့
စုံထောက်ဇာတ်ကားကောင်းလေး တင်ဆက်ပေးလိုက်ပါတယ်။
Australia နိုင်ငံက ရိုက်ကူးထုတ်လုပ်တာမို့ မြင်နေကြ Hollywood
ရုပ်ရှင်တွေနဲ့ ကွဲပြားပါတယ်။ ထို့အပြင် အဖြူအမည်းနဲ့ပဲ တင်ဆက်
ထားတဲ့အတွက် အမြင်ထူးခြားနေပါတယ်။ ကိုယ့်အကြိုက်ပေါ်
မူတည်ပြီး ကောင်းတယ် မကောင်းဘူး ဖြစ်သွားနိုင်တဲ့ ဇာတ်ကား
လို့ပဲညွှန်းဆိုချင်ပါတယ်။ တကယ်လို့ Slow burn ဖြစ်တဲ့ Crime/
Drama/Mystery ရုပ်ရှင်မျိုးကြိုက်တယ်ဆိုရင် ကြည့်လိုက်ပါလို့ပဲ
ပြောချင်ပါတယ်။
လွန်ခဲ့တဲ့ နှစ် ၂၀ က ပျောက်ဆုံးသွားတဲ့ ရှားလက် ဆိုတဲ့ လူမည်း
ကောင်မလေးအမှုကို ပြန်လည်စုံစမ်းသုံးသပ်ဖို့ မြို့ငယ်လေးကို
ထရာဗစ်ဟာလီဆိုတဲ့ စုံထောက်တစ်ယောက် ရောက်လာပါတယ်။
မြို့လေးကိုလာရောက်စုံစမ်းရင်း ကားထဲက ပစ္စည်းတွေ အခိုးခံရကာ
မြို့ကို မပြန်နိုင်ဘဲသောင်တင်သွားပါတော့တယ်။ ဒီလိုနဲ့ ထရာဗစ်
တစ်ယောက် အမှုကို ပြန်လည်သုံးသပ်ဖို့အချိန်ရသွားပါတော့တယ်။
ဒီမှာသူတွေ့လိုက်ရတာက လူမျိုးရေးခွဲခြားမှုတွေ ကြားမှာ ဘယ်လို
တွေဖြစ်ခဲ့တယ်ဆိုတာကိုပါပဲ . ကျန်တာတော့ဇာတ်ကားထဲမှာ ဆက်
လက်ကြည့်ရှု့ခံစားလိုက်ပါဦး။