Movie Name
Loneliness Society (နွေးထွေးမှုဖြင့်ခြံရံသော) (2023)
Year
2023
Generes
Drama, Romance
Code
ST0792
Type
Series
Size
5.10 GB
Country
Thai
Description
1-14 Completed မီနာ အဖြစ် Nune Woranuch ထန်း အဖြစ် Joss Way-ar အာထစ် အဖြစ် Iang Sittha “ချစ်ခြင်းခြယ်တဲ့မာယာမုသား” ဇာတ်လမ်းတွဲမှာ အတွဲညီညီသရုပ်ဆောင်ခဲ့ကြတဲ့ မမနဲ့မောင်လေးအတွဲကို မတူညီတဲ့ပုံစံမျိုးနဲ့ ပြန်လည်မြင်တွေ့ရမယ့် ပေါ့ပေါ့ပါးပါး အချစ်ဇာတ်မြူးကားလေးပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဥ်းကတော့ အထီးကျန်နေတဲ့လူနှစ်ယောက်ဆုံစည်းပြီး တစ်ယောက်ကိုတစ်ယောက် နွေးထွေးမှုတွေလွှမ်းခြုံပေးနိုင်လေမလား? မီနာဟာဘဝကိုအထီးကျန်ဆန်စွာဖြတ်သန်းနေတဲ့ မိန်းကလေးတစ်ယောက်ဖြစ်ပြီး တစ်နေ့မှာ ကားတိုက်ခံရတဲ့အာထစ်ကိုတွေ့ပြီး ဆေးရုံကိုပို့ပေးခဲ့ပါတယ်။ သူမကိုယ်သူမ အာထစ်ရဲ့ရည်းစားပါလို့လိမ်ညာမိရာကနေ အရှုပ်အထွေးတွေဖြစ်ကုန်ပါတော့တယ်။ အာထစ်ရဲ့ညီဖြစ်သူ ထန်းကတော့ မီနာဟာသူ့အစ်ကိုရဲ့ရည်းစားလို့မယုံကြည်ခဲ့ပါဘူး။ ထန်းတစ်ယောက်မီနာကိုစတင်သဘောကျမိချိန်မှာတော့ အာထစ်တစ်ယောက်ပြန်လည်သတိရလာပါတော့တယ်။ အတိတ်မေ့သွားတဲ့ အာထစ်ဟာမီနာကို သူ့ရည်းစားလို့ထင်မှတ်ပြီး အချစ်တွေတဖန်ပြန်လည်မွေးဖွားနိုင်ဖို့ ကြိုးစားပါတော့တယ်။ မီနာကရော ဘယ်သူ့ကိုတကယ်ချစ်သွားမှာလဲ။ အထီးကျန်နေတဲ့သူမရဲ့ဘဝကိုအလင်းရောင်ပေးနိုင်မယ့်သူက ဘယ်သူဖြစ်လာလေမလဲ။ မမနဲ့မောင်လေးရဲ့ ချိုမြိန်နွေးထွေးတဲ့အချစ်ဇာတ်လမ်းလေးကို ongoing အမီ ဘာသာပြန်တင်ဆက်ပေးမှာမို့ မလွတ်တမ်းစောင့်မျှော်ကြည့်ရှုကြပါဦးနော်။