Movie Name
Andy Somebody (2023)
Year
2023
Generes
Comedy
Code
EN3024
Type
Movie
Size
515 MB
Country
Hollywood
Description
ဒီဇာတ်လမ်းကတော့ သာမန်လူရိုးလူဖြောင့်တစ်ယောက်က ဒုစရိုက်သမားတစ်ယောက်လို ငွေတွေလိမ်လည်ထွက်ပြေးရင် ဘယ်လိုဖြစ်မလဲဆိုတဲ့ဇာတ်လမ်းပေါ့။ အန်ဒီက စာရင်းကိုင်တစ်ယောက်ပါ။ သူက ပလတ်စတစ်ဆာဂျင်ဒေါက်တာရှစ်ဖလက်ဆီမှာစာရင်းကိုင်လုပ်တယ်။ ဒေါက်တာဆိုလို့အထင်ကြီးမသွားနဲ့ဦး။ ရှစ်ဖလက်ကအခွန်တွေရှောင်တယ် တရားမဝင်ဆေးတွေဖြန့်တယ် ပလတ်စတစ်ဆာဂျင်လုပ်စရာမလိုတဲ့သူတွေကို နတ်သမီးလောက်လှနေရင်တောင် နင်ကဘီလူးမလောက်ပဲလှတယ် ပြင်မှဖြစ်မယ်ဆိုတာမျိုးပြောပြီး ခွဲစိတ်မှုတွေအတင်းလုပ်ခိုင်းတယ်။ အန်ဒီက အဲ့ဒါတွေကိုသဘောမတွေ့ဘူး။ တစ်နေ့တော့ ဒေါက်တာက အခွန်ရှောင်မှုနဲ့ဂျေးထဲအောင်းရခါနီးဖြစ်တော့ အန်ဒီ့ကိုစာရင်းတွေလိမ်လည်ပြီးဆွဲခိုင်း သူလစ်ဖို့ရာကမ်းလွန်အကောင့်တွေအတင်းဖန်တီးခိုင်းလုပ်တယ်။ အဲ့မှာနဂိုထဲကစိတ်ညစ်ပြီးပြေးဖို့ကြံနေတဲ့အန်ဒီက မထူးပါဘူးဆိုပြီး ဒေါက်တာ့ရဲ့ပိုက်ဆံသုံးသန်းကိုယူပြီးပြေးပါလေရော။ ဒေါက်တာကလဲ သူ့တပည့်ကျော်စီအိုင်အေထွက်လူမိုက်ကို အန်ဒီ့နောက်လိုက်ဖို့လွှတ်လိုက်ရာကနေ ဒုစရိုက်သမားမဟုတ်တဲ့ အန်ဒီတစ်ယောက်သူတို့လက်ကဘယ်လိုပြေးမလဲဆိုတာကို ဒီဟာသအက်ရှင်ဇာတ်လမ်းမှာကြည့်လိုက်ပါဦး