-
Movie Name
-
A Place To Fight For (2023)
-
Year
-
2023
-
Generes
-
Drama, Romance, Thriller
-
Code
-
EN3025
-
Type
-
Movie
-
Size
-
0.98 GB
-
Country
-
Hollywood
-
Description
-
ဆရာဇော်ဂျီရဲ့ သင်သေသွားသော် ကဗျာလေးလိုပေါ့
လူ့ဘဝကြီးမှာတော့ အိုရနာရသေရတာ ဓမ္မတာပါပဲ။
ဒါပေမဲ့ သင်သေသွားသော်လဲ သင်နေတဲ့နေရာကြီး ကောင်းမွန်စွာရှိနေဖို့က ကြိုးစားရမှာပါပဲ။
သင်နေနေတဲ့ ခုကမ္ဘာမြေကြီးဟာလဲ သင်ကာကွယ်ထိုက်တဲ့ ကျုးကျော်ဖျက်ဆီးသူတွေကို တွန်းလှန်သင့်တဲ့ နေရာတစ်ခုဆိုတာ မမှားပါဘူး။
ဒီဇာတ်ကားလေးကလဲ ဒီအကြောင်းပါပဲ ကိုယ့်မိသားစုကိုတောင် မကာကွယ်နိုင်တဲ့သူဟာ ဒီကမ္ဘာမြေကြီးကိုကော ဘယ်လိုကာကွယ်မလဲ။
အရာအားလုံးဟာ အခြေခံကနေစပါတယ်။ ကျွန်တော်တို့ရဲ့ဖြစ်ချင်တဲ့ ဆန္ဒတွေကို ရှေ့တန်းတင်ပြီး ဒီကမ္ဘာကြီးကို ဖျက်ဆီးလာခဲ့ကြတာ နှစ်ပေါင်းအတော်ကြာပါပြီ။
ဒီလိုဖျက်ဆီးခဲ့ကြတာကနေ ပြန်လည်တည်ဆောက်ပေးဖို့မလုပ်တာလဲ အတော်ကြာပါပြီ။
ဒါပေမဲ့ ဒီလိုကမ္ဘာမြေကြီးကို ဘာလို့ကာကွယ်သင့်သလဲဆိုတာ ကိုတော့ ဒီဇာတ်ကားလေးမှာ မြင်တွေ့ကြရမှာပါ။
နိုင်ငံရေးသမားတွေရဲ့လှည့်ကွွက်တွေကြားမှာ ဒုက္ခရောက်ရတဲ့ မိသားစုအကြောင်းလေးပေါ့။
ဇာတ်လမ်းအကျဉ်းကတော့ ဂရက် ဆိုသူဟာအဓိကရုဏ်းနှိမ်နှင်းရေး ရဲတစ်ယောက်ပါ။
မီရီရန်ကတော့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ တက်ကြွလှုပ်ရှားသူလေးပေါ့။
ဂရက်ကတော့ ဒီလိုတက်ကြွလှုပ်ရှားသူတွေကြားထဲသွားပြီး အသွင်ယူကာသူတို့ဘာလုပ်နေတယ်
ဘာတွေကြံနေတယ်ဆိုတာကို အထက်ဌာနသိအောင် ပြန်ပြီးတင်ပြရတဲ့အလုပ်ပေါ့။
ဂရက်က ဒီလိုမျိုး သူလျှိုလုပ်နေတုန်းမှာ မီရီရန်နဲ့ တစ်ညတာအတူကုန်ဆုံးလိုက်မိရကနေ သားလေးတစ်ယောက်ရလာပါတယ်။
သူတို့မိသားစုလေးဟာ သူတို့ရဲ့အလုပ်တွေကိုမေ့ထားပြီး မိသားစုဘဝလေး အတူတူတည်ထောင်နေချိန်မှာပဲ
သူတို့ကြားကို ရေကာတာလုပ်ငန်းတစ်ခုလာတည်ဆောက်တဲ့အချိန်မှာ ပဲ သူတို့ရဲ့မိသားစုဘဝလေးဟာ အခက်ခဲတွေနဲ့ကြုံလာရပါတော့တယ်။
ဂရက်ကလဲ သူ့ရဲ့သူလျှိုအလုပ်ကြောင့် သူတို့မိသားစုကိုထိခိုက်မှာစိုးတဲ့အတွက် အချိန်တွေအမျိုးမျိုးဆွဲနေပေမဲ့ နောက်ဆုံးမှာတော့ ရှောင်လွဲလို့မရတော့ပါဘူး။
ဂရက်ရဲ့ အလိမ်ညာတွေပဲပေါ်သွားမလား သူတို့နေတဲ့နေရာလေးကိုပဲ ရေကာတာလုပ်ငန်းကြီး ဆောက်သွားမလားဆိုတာတော့ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး