-
Movie Name
-
Bheemadevarapally Branchi (2023)
-
Year
-
2023
-
Generes
-
Comedy, Family
-
Code
-
IND0823
-
Type
-
Movie
-
Size
-
1.27 GB
-
Country
-
Bollywood
-
Description
-
Bheemadevarapally Branchi (2023)
IMDb-7.9/10
လတ်တလောထွက်ရှိထားတဲ့ တောင်ပိုင်းဘောလိဝုဒ်ဟာသအရောလေးနဲ့
မိသားစုဇာတ်ကားလေးတစ်ပုဒ်ကို တင်ဆက်ပေးလိုက်ပါတယ်။
ပညာတတ်နည်းပါးလှတဲ့ ရွာလေးဆီကိုကောလဟလတခုရောက်လာတယ်။
အစိုးရကနေပြီး ဆင်းရဲတဲ့လူတွေကို ဘဏ်ကနေတဆင့်ပိုက်ဆံထောက်ပံ့မယ်ဆိုတဲ့ ကောလဟလ။
ဘာလုပ်ရမလဲဆိုတော့ ဘဏ်ကိုသွားပြီး ဘဏ်စာအုပ်ဖွင့်ရမယ်ဆိုတော့
ပညာလည်းမတတ် ဆင်းလည်းဆင်းရဲကြတဲ့ရွာသူရွာသားတွေ အကုန်လုံး ဘဏ်မှာသွားတန်းဆီပြီး
ဘဏ်အကောင့်ဖွင့်ကြတော့တာပေါ့။
ကံကောင်းတာလား ဆိုးတာလားမသိ ဂျမ်ပန်နားအမေရဲ့အကောင့်ထဲကို ရူပီးဆယ့်ငါးသိန်းဝင်လာပါရော။
အစိုးရက ပြောထားတဲ့အတိုင်းပေးတယ်ဆိုပြီး ဂျမ်ပန်နားတယောက် ရသမျှပိုက်ဆံ
ထင်ရာလျောက်သုံး လျောက်ဖြုန်းပါတော့တယ်။
လူတွေဟာ လောဘသားကောင်တွေ ဖြစ်ကြတယ်ဆိုတဲ့အတိုင်း လောဘကြောင့်ဘာမှမမြင်တော့တဲ့အခါ
အခွင့်ကောင်းစောင့်နေတဲ့ လူယုတ်မာတွေဆိုတာပေါ်လာကြတာပဲလေ။အသိဉာဏ်နည်းပါးတဲ့
ရွာသားတစ်စုကပါ သူတို့အကောင့်တွေဆီကိုလည်း ဂျမ်ပန်နားတို့လို ရောက်လာမလားဆိုပြီး
ပွဲစားကိုပိုက်ဆံတွေပေးကြတဲ့အခါ။
ဂျမ်ပန်နားတယောက် သူ့ဆီရောက်လာတဲ့ပိုက်ဆံတွေကနေ ကြုံလာရတဲ့ပြဿနာတွေကို
ဖြေရှင်းနိုင်မှာလား။
လောဘနဲ့ ပွဲစားကိုယုံအပ်မိကြတဲ့ရွာသားတစ်စုရော ဘယ်လိုပြဿနာတွေ
ရင်ဆိုင်ရမလဲဆိုတာ။
ရယ်ရင်း မောရင်းနဲ့ပဲ ဒီလောဘသားကောင်တွေ ဘယ်လိုရင်ဆိုင်ကြမလဲကြည့်ကြတာပေါ့။