Movie Name
Moonrise Kingdom (2023)
Year
2023
Generes
Comedy, Drama, Romance
Code
EN3029
Type
Movie
Size
1.20 GB
Country
Hollywood
Description
ဒီတစ်ခေါက်တော့ တစ်ခါထက်မကကြည့်ချင်ရလောက်တဲ့ Moonrise Kingdom လို့ခေါ်တဲ့ Comedy, Drama, Family ဇာတ်လမ်းတစ်ပုဒ်နဲ့မိတ်‌ဆက်ပေးချင်ပါတယ်။ ၁၉၆၀ခုနှစ်တွေကိုနောက်ခံထားထားတဲ့ ၁၂နှစ်အရွယ်လူငယ်စုံတွဲရဲ့ အချစ်ဇာတ်လမ်းဖြစ်ပါတယ်။ အပယ်ခံမိဘမဲ့‌ကင်းထောက်ကောင်လေးက ဆူဇီဆိုတဲ့ကောင်မလေးနဲ့ ရင်ဘတ်ချင်းတူလို့ စာတွေအပြန်အလှန်ရေးရင်း တစ်နေ့ သူတို့အတူ ထွက်ပြေးခဲ့ကြပြီး ကျွန်းရဲ့ယခင်မူလနေထိုင်ခဲ့တဲ့လူတွေအတိုင်း ခြေရာခံရယလျှောက်သွားခဲ့ကြတဲ့ သူတို့နှစ်ဦးရဲ့ ချစ်ခြင်းတွေနဲ့ စွန့်စားခန်းတွေကို တွေ့ရမှာပါ။ ဒီဇာတ်လမ်းကိုကြည့်ရင်း လူငယ်ဘဝရဲ့ တဇွတ်ထိုးအကျင့်တွေနဲ့ နောက်ဆံမတင်းပဲ သတ္တိရှိရှိ ဆုံးဖြတ်ချက်ချခဲ့တာတွေဟာ ချစ်စရာကောင်းနေခဲ့ပြီး အနှစ်သာရပြည့်ဝတဲ့အမှားတွေဟာလည်း နောက်ထပ်အခွင့်အရေးရဖို့ ထိုက်တန်နေခဲ့ပါတယ်။ ဒီရုပ်ရှင်ဟာဆိုရင်တော့ IMDb မှာ 7.8/10 ထိရထားပြီး Rotten Tomatoes 93% ထိရထားတာပါ။ ဒါ့အပြင် ဒီဇာတ်ကားဟာဆိုရင် ဒါရိုက်တာ Wes Anderson ရဲ့ လက်ရာကောင်းတွေထဲက တစ်ကားဖြစ်ပြီး Gotham Independent Film Award for Best Feature ဆုရရှိကာ အဓိကလူငယ်သရုပ်ဆောင်တွေဟာလည်း Best Leading Young Actor and Actress Nominations တွေဝင်ထားတာမို့ လက်မလွှတ်သင့်တဲ့ရုပ်ရှင်ဇာတ်ကားလေးတစ်ပုဒ်ပဲဖြစ်ပါတယ်။