-
Movie Name
-
Mother, May I (2023)
-
Year
-
2023
-
Generes
-
Horror, Thriller
-
Code
-
EN3033
-
Type
-
Movie
-
Size
-
460 MB
-
Country
-
Hollywood
-
Description
-
၅၂၈ မေတ္တာဆိုတာက ကမ္ဘာပေါ်မှာအကြီးမားဆုံးချစ်ခြင်းမေတ္တာ
% buffered
00:01
-00:11
Download
Your browser does not support the video tag.
တရားပဲဖြစ်ပါတယ်။ ဘယ်လိုပဲကိုယ်ဆိုးဆိုး ကိုယ့်မိဘတွေကတော့ကိုယ့်ကို
အချစ်စစ်နဲ့ မစွန့်ပစ်သွားပဲချစ်နေတုန်းပါ။ဒါပေမယ့်ဒီကားထဲက အမ်မက်ဆိုတဲ့
သူကတော့ အဲ့ဒီ ၅၂၈ မေတ္တာကိုအပြည့်အဝမခံစားခဲ့ရပါဘူး။သူငယ်စဉ်က
သူ့အမေက သူ့ကိုစွန့်ပစ်သွားခဲ့ပြီးသေဆုံးတဲ့အချိန်အထိ သူ့ကိုအဆက်အသွယ်
မလုပ်ခဲ့ပါဘူး။သေတမ်းစာထဲမှာသူ့အတွက်အိမ်တစ်လုံးပဲချန်ထားပေးခဲ့ပါတယ်။
ဒီလိုနဲ့ အမ်မက်လဲ သူ့ရဲ့ဇနီးလောင်းဖြစ်သူနဲ့အဲ့ဒီအိမ်ကိုသွားကြည့်ပြီး
ရောင်းဖို့အတွက် စီစဉ်ရင်းနဲ့အဲ့ဒီအိမ်မှာခဏတာနေခဲ့ကြပါတယ်။အဲ့ဒီအိမ်မှာက
သူ့အမေရဲ့အငွေ့အသက်တွေပြည့်နှက်နေပြီး ခြောက်ခြားစရာလဲကောင်းလှပါတယ်။
အဆိုးဆုံးကတော့ သူ့ဇနီးလောင်းအန်ညာက အိမ်ပြင်မှာမေ့လဲသွားပြီးနောက်ပိုင်း
သူ့အမေလိုမျိုးစတင်ပြုမူလာတာပါပဲ။လုပ်ပုံကိုင်ပုံပြောပုံဆိုပုံတွေက အစသူ့အမေနဲ့
တစ်ထပ်တည်းတူနေပြီးတော့ ရေမကူးတတ်ရာကနေ ချက်ချင်းတွေရေကူး
တတ်သွားလို့ အမ်မက်တစ်ယောက်လဲရူးချင်သလို ဖြစ်လာပါတော့တယ်။
အဲ့ထက်ပိုဆိုးတာကအဲ့လိုဖြစ်ပြီး သိပ်မကြာခင်မှာပဲချက်ချင်းကြီး အန်ညာ
တစ်ယောက်အရင်ပုံစံပြန်ဖြစ်သွားတာပါပဲ။ဒီလိုနဲ့အမ်မက်နဲ့အန်ညာနှစ်ယောက်
အဲ့ဒီအိမ်ကြီးထဲမှာဘာတွေဆက်ဖြစ်ကြမလဲ။အဲ့ဒီအိမ်ကြီးထဲမှာရောဘယ်လိုအရာ
တွေရှိနေတာလဲဆိုတာကိုကြည့်ရမဲ့စိတ်ကူးယဉ်သည်းထိပ်ရင်ဖိုဇာတ်ကားပဲဖြစ်ပါတယ်။