-
Movie Name
-
Kuntilanak 3 (2022)
-
Year
-
2022
-
Generes
-
Adventure, Horror
-
Code
-
EN3036
-
Type
-
Movie
-
Size
-
642 MB
-
Country
-
Hollywood
-
Description
-
Kuntilanak 3 (2022)
Kuntilanakဆိုတာ Hinduဘာသာဒဏ္ဍာရီထဲက အငြိုးကြီးတဲ့ ဝိညာဉ်ကိုဝါးမြိုတတ်တဲ့ တစ္ဆေတစ်ကောင်ရဲ့အသွင်ရှိတဲ့ နတ်ဆိုးတစ္ဆေကြီးပေါ့။
Kuntilanakအကြောင်း ရိုက်ကူးထားတဲ့ ရုပ်ရှင်တွေလည်း ပုံပြင်တွေ ဝတ္ထုတွေ အမျိုးမျိုးရှိပါတယ်။
တချို့ကျတော့လည်း အဖြူရောင်သရဲအနေနဲ့ တချို့ကျတော့လည်း သွေးစုပ်ဖုတ်ကောင်အနေနဲ့ ပုံဖော်ထားကြပါတယ်။
ဒီKuntilanak 3 ထဲမှာတော့ လက်ခံသူရှာဖွေနေတဲ့ မကောင်းဆိုးဝါးအနေနဲ့မြင်တွေ့ရမှာပါ။
ဒင်ဒါဟာ သူများနဲ့မတူညီတဲ့အစွမ်းတွေကို ပိုင်ဆိုင်ထားတဲ့ကလေးတစ်ယောက်ပါ။
အမေဂျီးကားကိုသွားရင် စူပါဟီးရိုးအဖွဲ့တို့ဘာတို့ ရောက်ရင်ရောက်နိုင်ပေမဲ့
အင်ဒိုနီးရှားသူလေးဒင်ဒါကတော့ လူထူးလူဆန်းဆိုပြီး ကျောင်းမှာ အပယ်ခံဖြစ်နေသူပါ။
အမြဲ အနိုင်ကျင့်ခံ အပယ်ခံဘဝမှာ အထီးကျန်နေရသူဆိုလည်း မမှားပါဘူး။
ဒီလိုနဲ့ တစ်နေ့မှာ သူ့ရဲ့မောင်နှမတွေကိုပါ စိတ်စွမ်းအားနဲ့ ထိခိုက်အောင်လုပ်မိချိန်မှာတော့
ဒင်ဒါတစ်ယောက် အားလုံးဝိုင်းပြောနေသလို သူ့ကိုယ်သူ မကောင်းဆိုးဝါးတစ်ကောင် လူတွေရဲ့အန္တရာယ်တစ်ခုလို မြင်လာတာကြောင့်
မာသာဟက်တီဆိုတဲ့ စိတ်စွမ်းအားရှင်တွေကို လေ့ကျင့်သင်ကြားပေးနေတဲ့ ထူးဆန်းတဲ့ကျောင်းတော်ကြီးကိုသွားဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။
မာသာဟက်တီကျောင်းတော်ကို တည်ထောင်ခဲ့တဲ့ မဟာကူစနူမရှိတော့သလို သူ့ရဲ့ဇနီးဖြစ်သူအီရန်ဆုခ်မာကလည်း
အိပ်ရာထဲလဲနေတဲ့အကြောင်းပြချက်နဲ့ ဘယ်သူ့ကိုမှ အတွေ့မခံပေမဲ့ ဆရာတွေကောင်းမှု ကျောင်းတော်ကြီးကတော့ စည်ကားနေဆဲပါပဲ။
ဒင်ဒါတစ်ယောက်လည်း ကိုယ်နဲ့တူတဲ့ကလေးတွေမြင်ရလို့ အထီးကျန်မှုတွေပပျောက်လို့ သူငယ်ချင်းသစ်တွေရလို့ ပျော်ရွှင်နေတာပေါ့။ ဒါပေမဲ့….
ကျန်နေခဲ့တဲ့ ဒင်ဒါရဲ့မောင်နှမတွေက မာသာဟက်တီကျောင်းတော်အကြောင်း စပ်စုရင်းနဲ့ ကျောင်းသားတွေ တစ်စတစ်စပျောက်ဆုံးနေကြောင်းနဲ့
ကျောင်းသားတစ်ယောက်က ကျောင်းမှာ Kuntilanakကို တွေ့ခဲ့တယ်ဆိုတဲ့သတင်းကို မြင်လိုက်ရပြီး ဒင်ဒါနောက်လိုက်သွားချိန်မှာတော့….
မာသာဟက်တီကျောင်းတော်ကြီးရဲ့ ပဟေဠိတွေကို ဒင်ဒါတို့မောင်နှမ ၃ ယောက် ဘယ်လိုဖြေရှင်းကြမလဲဆိုတာ အားလုံးအတူ ကြည့်ရှုလိုက်ရအောင်ပါ