-
Movie Name
-
Painted Heart Twin Tribulations (2023)
-
Year
-
2023
-
Generes
-
Drama, Family
-
Code
-
CN0703
-
Type
-
Movie
-
Size
-
500 MB
-
Country
-
China
-
Description
-
CM ကနေဒီတစ်ခါတင်ဆက်ပေးချင်တဲ့ရုပ်ရှင်လေးကတော့
နတ်ဘုရားနဲ့ကြာပန်းလေးရဲ့အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်ပါတယ်။
ဇာတ်လမ်းကတော့ စစ်နတ်ဘုရားရွှမ်ထျန်းရဲ့ပေါ့ဆမှုကြောင့်
မကောင်းဆိုးဝါးဘုရင်ကမိစ္ဆာကြာပန်းကို
လုယူဖို့ကြိုးစားရင်းလူ့ပြည်ကို ထွက်ပြေးလွတ်မြောက်လာခဲ့တယ်။
စစ်နတ်ဘုရားနဲ့မကောင်းဆိုဝါးဘုရင်တို့ တိုက်ခိုက်ကြရင် သူချစ်မြတ်နိုးတဲ့ကြာပန်း
စတေးသွားခဲ့တာပေါ့။နတ်ဘုရားတို့မည်သည် ကာမဂုဏ်တွေရှောင်ကြဉ်ရတယ်ဆိုပေမဲ့
စစ်နတ်ဘုရားကမရှောင်ကြဉ်မိတာကြောင့် မိုးနတ်မင်းသိသွားပြီးလူ့ပြည်ကိုစေလွှတ်ကာ
မကောင်းဆိုးဝါးမိစ္ဆာတွေ အပြီးတိုင်ရှင်းလင်းတဲ့နေ့မှနတ်ပြည်ကိုပြန်လာဖို့ အမိန့်ပေးခဲ့တယ်။
ဒီလိုနဲ့ကြာပန်းလေးက ချီအာနဲ့ယောင်အာဆိုပြီး
နှစ်ကိုယ်ခွဲထွက်တာလူသားအဖြစ်ပြောင်းလဲဖို့
ကျင့်ကြံရင်းနဲ့ ယောင်အာကအောင်မြင်ပြီးလူ့ပြည်ကိုဆင်းကာ
မကောင်းဆိုးဝါးမိစ္ဆာတွေကိုဖမ်းဆီးခဲ့တယ်။
အဲ့အချိန်မှာပဲ ငယ်ရွယ်ပြီးလက်ရုံးရည်ပြည့်ဝတဲ့
ဝမ်ထျန်းရှန်းစစ်သူကြီးကလည်း မကောင်းဆိုးဝါးမိစ္ဆာတွေကို
လိုက်လံရှင်းလင်းရင်း ယောင်အာနဲ့အမှတ်တမဲ့တွေ့ဆုံခဲ့တာပေါ့။
အမှတ်တမဲ့ကနေတစ်ဘဝစာဆိုတဲ့အတိုင်း
နှစ်ဦးသား တဖြည်းဖြည်းဘယ်လိုသံယောဇဉ်တွေတွယ်လာကြလဲ။
ဘယ်လိုမျိုးမကောင်းဆိုးဝါးမိစ္ဆာတွေကို
ဖမ်းကြမလဲ။မကောင်းဆိုးဝါးဘုရင်ကကော
ဘယ်ရောက်သွားတာလဲဆိုတာကိုတော့……….