Movie Name
Worth (2020)
Year
2020
Generes
Biography, Drama, Historical
Code
EN3059
Type
Movie
Size
930 MB
Country
Hollywood
Description
Worth (2020) ~ IMDb – 6.8/10, Rotten Tomatoes – 82% ~ အ​မေရိကန်နိုင်ငံရဲ့ နာမည်ကြီးတိုက်ခိုက်ခံရမှု 9/11 ဖြစ်ရပ်မှန်ကို ​ကျောရိုးယူပြီး Michael Keaton, Amy Ryan နဲ့ Stanley Tucci တို့လို အကျော်အမော်တွေနဲ့ Netflix ကနေ ရိုက်ထားတဲ့ ကားကောင်းတစ်ကားပါ။ ~ ဇာတ်လမ်းအကျဉ်း ~ ကန်တစ်​ယောက် နိုင်ငံ​ရဲ့ ထိပ်သီး ဥပ​ဒေလုပ်ငန်း​တစ်ခုကို ဦး​ဆောင်​​နေရင်း တစ်​​နေ့ 9/11 ဖြစ်စဥ်​ကြောင့် ​လူအမြောက်အများ​သေဆုံးမှုတစ်ခုဖြစ်​​ပေါ်လာခဲ့ပါတယ်။ အစိုးရက နစ်နာသူ​တွေ ​လေ​ကြောင်းလိုင်း​တွေကို တရားမစွဲ​ရေး လုပ်​ဆောင်ဖို့ ​လျော်​ကြေးကိစ္စတစ်ခုနဲ့ ​ဖြေရှင်းဖို့စဥ်းစားမိရင်း အဲဒီအကြံကို​ အောင်‌အောင်မြင်မြင် အ​ကောင်အထည်​ဖော်ဖို့ ​ကန်တစ်​ယောက် တာဝန်ယူဖို့ ဆုံးဖြတ်လိုက်ပါတယ်။ လူတစ်​ယောက်ရဲ့ အသက်တန်ဖိုးကို​ငွေပမာဏဘယ်​လောက်ဆိုပြီး နှိုင်းယှဥ်ပြီး ကန်က ဖော်မြူလာထုတ်ပြလိုက်တဲ့အခါ နစ်နာသူအများစုက မနှစ်မြို့ကြပါဘူး။ တစ်​ဖက်မှာလည်း ကန်တို့အဖွဲ့မှားယွင်း​နေတာ​တွေကို ​ထောက်ပြဖို့ ချားစ်ဦး​ဆောင်တဲ့ အဖွဲ့​​ပေါ်​ပေါက်လာပြီး ကန်တို့အဖွဲ့ထက် လူကြိုက်များလာပါတယ်။ တကယ်ဆို ကန်ရဲ့​ဖော်မြူလာကဘာ​တွေမှား​နေတာလဲ… လူတစ်​ယောက်ရဲ့ အသက်ကို တကယ်ပဲ​ဖော်မြူလာနဲ့ ထုတ်တွက်လို့ရတာလား… နောက်ဆုံး တာဝန်ကို​ရော ​အောင်မြင်စွာလုပ်လိုက်နိုင်လား… ဆိုတာ ဖြစ်ရပ်မှန်​ပေါ် အ​ခြေတည်ပြီး စိတ်ဝင်စား​အောင် ရိုက်ပြထားနိုင်သလို 9/11 ကိစ္စအပြီးကာလတွေကို အနည်းအကျဉ်းသိရှိသွားနိုင်မယ့် ကားကောင်းတစ်ကားပါပဲ။