-
Movie Name
-
To The Moon And Back (အဆုံးမဲ့အချစ်)(2023)
-
Year
-
2023
-
Generes
-
Romance
-
Code
-
ST0793
-
Type
-
Series
-
Size
-
10.9 GB
-
Country
-
Thai
-
Description
-
1-21complete
ဖူရင် အဖြစ် James Jirayu
မက်ထာ အဖြစ် Toey Jarinporn
ဇာတ်လမ်းအကျဥ်း...
ချမ်းသာပြီး နာမည်ကျော်ကြားတဲ့ မိသားစုနေ မွေးဖွားကြီးပြင်းလာခဲ့တဲ့ အာရုံကြောခွဲစိတ်ဆရာ၀န်လေး
ဒေါက်တာဖူရင်။ ဖခင်ဖြစ်သူဟာ နာမည်ကြီးစီးပွားရေးပါမောက္ခတစ်ဦးဖြစ်ပြီး မိခင်ဖြစ်သူကတော့
နာမည်ကြီး ရုပ်ရှင်မင်းသမီးဟောင်းဖြစ်ပါတယ်။ ပြီးပြည့်စုံတဲ့ အသိုင်းအ၀ိုင်းမှာ ရှင်သန်ခဲ့ရပေမယ့်
သူ့ဘ၀မှာ ဘာကိုမှကိုယ်ပိုင်ဆုံးဖြတ်ချက် မချခဲ့ရဘဲ ဖခင်ဖြစ်သူခင်းပေးတဲ့လမ်းကိုပဲ
လျှောက်ခဲ့ရပါတယ်။ သူလိုချင်လုပ်ချင်တာကို ဘယ်တော့မှလုပ်ခွင့်မရခဲ့တဲ့ ဖူရင်ဟာ အိမ်တစ်လုံး၀ယ်ကာ
တစ်ယောက်တည်းပြောင်းရွေ့နေထိုင်ခဲ့ပါတယ်။ အဲ့ဒီအချိန်မှသာ သူတစ်ယောက်တည်း အေးအေးချမ်းချမ်းနဲ့
ဘယ်သူမှမသိတဲ့ ၀ါသနာကိုလုပ်ရင်း ပျော်ရွှင်စွာ ဘ၀ကိုဖြတ်သန်းနေတာပေါ့။
တည်ငြိမ်နေတဲ့ သူ့ဘ၀ထဲကိုလေပွေလို၀င်ရောက်လာသူကတော့ သူ့အိမ်ဘေးကိုပြောင်းရွှေ့လာတဲ့ မက်ထလာဒါဆိုတဲ့ ကောင်မလေးပဲဖြစ်ပါတယ်။
သူမဟာ ဂေးဖခင်ရဲ့သမီးဖြစ်ပြီး ပတ်ဝန်းကျင်ရဲ့အနိုင်ကျင့်ဖိနှိပ်မှုတွေကိုခံခဲ့ရပေမယ့် သူမရဲ့အဖေဟာ သူမကိုအတော်လေးချစ်ပြီး လွတ်လပ်စွာကြီးပြင်းစေခဲ့ပါတယ်။
အထင်လွဲမှုတစ်ခုကနေ သူမဟာဆရာဝန်လေးရဲ့ဘဝမှာ ပါဝင်ပတ်သက်မိရာကနေ အချင်းချင်းသံယောဇဥ်တွေတိုးလာပြီး ကြင်နာတတ်တဲ့ကောင်မလေးဟာ
ကောင်လေးရဲ့နှလုံးသားကွက်လပ်ကို ဖြည့်ပေးနိုင်လေမလား...