Movie Name
Maid On Delivery (နိုင်ငံခြားပြန် အိမ်ဖော်မလေး) (2023)
Year
2023
Generes
Romance
Code
ST0794
Type
Series
Size
14.5 GB
Country
Thai
Description
1-30complete ရည်းစားဟောင်းရဲ့အိမ်မှာ အိမ်ဖော်သွားလုပ်သောအခါ.. စောင်ကိုက်ရမယ့် အရိုတလိုင်းကားသစ်လေး 🙈💕😍 ဇာတ်လမ်းအကျဉ်း တက္ကသိုလ်ကျောင်းသူဘဝတုန်းက ထိဒါဟာ ပျိုတိုင်းကြိုက်တဲ့ ပလေးဘွိုင်းကောင်လေး ရာဝစ်ကို ကြိုက်မိပြီး အသည်းကွဲခဲ့ဖူးသူပါ။ ဒါပေမယ့် ရာဝစ်ဟာ ပွေရှုပ်တဲ့သူဖြစ်ကြောင့် ထိဒါတစ်ယောက် ရာဝစ်နဲ့ ပြတ်စဲလိုက်ပါတယ်။ ပြတ်စဲရုံတင်မကသေးပဲ ရာဝစ်ရဲ့မကောင်းသတင်းအားလုံး လိုက်ဖွပြီး ရာဝစ်ဘဝကို ပြဿနာတက်အောင် လုပ်ခဲ့သူတစ်ယောက်ပါ။ ကျောင်းပြီးတော့ ထိဒါဟာ အမေဖြစ်သူနဲ့ အမေရိကမှာ "Maid to your home" ဆိုတဲ့ အိမ်အကူ service company ကို ဦးစီးလုပ်ကိုင်ခဲ့တယ်။ ရာဝစ်ကတော့ အဖေဖြစ်သူကို အရွဲ့တိုက်ချင်လို့ တစ်နေ့တစ်နေ့ ပိုက်ဆံထိုင်ဖြုန်းကာ မိန်းမတကာနဲ့ ပတ်ရှုပ်နေခဲ့တယ်။ ထိဒါအမေဟာ မချမ်းသာခင်က ရာဝစ်တို့အိမ်မှာ အိမ်ဖော်လုပ်ခဲ့ဖူးပါတယ်။ သူမ အိမ်ဖော်လုပ်စဉ်က ရာဝစ်ကို ပြဿနာရှိလာခဲ့ရင် အိမ်အကူလိုလာခဲ့ရင် ပြန်လာပါမယ်ဆိုပြီး ကတိတစ်ခုပေးခဲ့ပါတယ်။ နှစ်အတန်ကြာပြီးတဲ့နောက်မှာ ရာဝစ်နဲ့ သူ့အဖေဟာ သူ့အဖေ အိမ်ပေါ်ခေါ်တင်လာတဲ့ နောက်မိန်းမကြောင့် ပြဿနာဖြစ်နေတာတွေ ထိဒါအမေ ကြားသိရတော့ ထိဒါကို သူမအစား ရာဝစ် အဆင်ပြေအောင် အိမ်ဖော်လုပ်ခိုင်းလိုက်ပါတော့တယ်။ ဒီလိုနဲ့ ထိဒါဟာ နိုင်ငံခြားပြန် အိမ်ဖော်မလေးအဖြစ် ငါးလတိတိ ရည်းစားဟောင်း ရာဝစ်ကို service ပေးနိုင်မလား... ?