Movie Name
The Princess And The Werewolf (မောင်ကြီးအလိုတော် ပျိုလေးမလိုက်နိုင် )(2023)
Year
2023
Generes
Comedy, Historical, Romance
Code
SC0662
Type
Series
Size
10.6 GB
Country
China
Description
1-30 COMPLETED ဇာတ်လမ်းအကျဥ္း💕💕 အတိတ်မှာ ထားရှိခဲ့ဖူးတဲ့ ကတိကဝတ်တစ်ခုကြောင့် Zhang Peng Pengနဲ့ Qi Shengတို့ရဲ့ ချစ်သမီးလေးဖြစ်တဲ့ မင်းသမီးQi Paဟာ သိပ်ကိုချောမောလွန်းတဲ့ ဝံပုလွေဘုရင်နဲ့ လက်ထပ်ဖို့ရာ အကြောင်းဖန်လာခဲ့ပါတယ်။ သူလက်ထပ်ရမဲ့လူက စရိုက်ခွဲတွေ အမျိုးမျိုးပြောင်းလဲနေတတ်သူဆိုတာကို မသိဘဲ ပျော်ရွှင်နေခဲ့တဲ့ မင်းသမီးလေး အကြောင်းစုံသိသွားတဲ့အခါ ဇာတ်လမ်းက ဘယ်လိုတွေများ အမျိုးစုံကြိုးခုန်လာမလဲ......... Xiaတိုင်းပြည်ရဲ့ နန်းတွင်းထဲမှာ ဖြစ်ပွားခဲ့တဲ့ ထူးဆန်းလွန်းလှတဲ့ မီးလောင်မှုအကြောင်းကို စုံစမ်းစစ်ဆေးနေရင်း မင်းသမီးလေး ထောင်ချောက်မိသွားတဲ့အခါ Huashouမျိုးနွယ်စုက Kui Mu Langက သူ့ကို အန္တရာယ်ကြားက ကယ်တင်ပေးရင်း စောင့်ရှောက်ပေးထားခဲ့ပေမဲ့ Kui Mu Langက သူ့ကို ဝိညာဥ်ပုတီးစေ့တွေစုဆောင်းနိုင်ဖို့ အသုံးချခံပစ္စည်းအနေနဲ့ လက်ထပ်ချင်မှန်း သူသတိထားမိခဲ့တဲ့အခါ မင်းသမီးQi Paဟာ အမြော်အမြင်ရှိရှိနဲ့ အခက်အခဲကြားက ဘယ်လိုအလွတ်ရုန်းမလဲ.......... သူနဲ့ပတ်သက်နေတဲ့ အမျိုးသားနှစ်ယောက်ကြားမှာ သူ့ဘဝဟာ ဒီရေအလား တက်လိုက်ကျလိုက်ဖြစ်နေရတဲ့အခါ သူဘာကိုရွေးချယ်မလဲ..... လောကဓံရဲ့အတုံ့အလှည့် အကွေ့အပြောင်းများစွာကို သူဘယ်လိုရင်ဆိုင်ကျော်ဖြတ်မလဲ ...စတဲ့ မေးခွန်းပေါင်းများစွာနဲ့ သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းလေးတစ်ခုကို အသည်းတယားယားနဲ့ ကြည့်ရှုကြရမှာပါ။ ဒီလို အချစ် ဟာသနဲ့ အလွမ်းအဆွေးအစုံပါဝင်တဲ့ ခံစားမှုရသအစုံအလင်နဲ့ ဇာတ်ကားကောင်းလေးကို SoulKingdom မှာအပိုင်းတိုင်း မလွတ်တမ်း စောင့်ကြည့်ဖို့တော့ လိုမယ်နော် အညွှန်းရေးသားသူကတော့ Vilkas Minပဲ ဖြစ်ပါတယ်ရှင်။