-
Movie Name
-
The Outsider (မျဥ်းပြိုင်ထက်က လမ်းပြကြယ်) (2023)
-
Year
-
2023
-
Generes
-
Drama, Romance
-
Code
-
SC0663
-
Type
-
Series
-
Size
-
13.5 GB
-
Country
-
China
-
Description
-
1-40 COMPLETED
ဇာတ်လမ်းအညွှန်း
အန်းရှန့်ဂရုပ်ဟာ တည်ထောင်သူ ဝမ်ကျန့်မင် ကွယ်လွန်ပြီး နှစ်နှစ်ကြာတဲ့အချိန်မှာ စီးပွားရေးအကျပ်အတည်းတွေနဲ့ ကြုံခဲ့ရတဲ့အပြင် ဝမ်ကျန့်မင်ရဲ့ သားအကြီးဆုံးဖြစ်သူ ဝမ်ကျွီးအန်း (Gao Wei Guan) နဲ့ ဘုတ်အဖွဲ့ရဲ့ ဥက္ကဌဖြစ်တဲ့ အဒေါ်ဖြစ်သူ ဝမ်ယာ့နန်တို့ကြားမှာ သဘောထားကွဲလွဲမှုတွေ ဖြစ်လာတာကြောင့် အာဏာရရှိရေးအတွက် တူဝရီး ၂ ယောက်ကြားမှာ ပြိုင်ဆိုင်မှုတွေစတင်လာခဲ့သလို သာမန်ဝန်ထမ်းလေးတစ်ယောက်ဖြစ်တဲ့ စူးမော့(Zhang Yu Qi)ဟာလည်း အထက်လူကြီးတွေရဲ့ အာဏာလုပွဲကြားမှာ မတော်တဆ
ပါဝင်မိခဲ့ပါတယ်။
အထက်တန်းလွှာ လူ့အသိုင်းအဝိုင်းကို သာမန်မိန်းကလေးတွေ အလွယ်တူဝင်ရောက်နိုင်အောင် လုပ်ပေးနိုင်မယ့်လက်မှတ်လို့ ဝမ်ကျွီးအန်းကို မိန်းကလေးတွေက သတ်မှတ်ထားကြပေမဲ့ အဲဒီထဲမှာတော့ စူးမော့ မပါဝင်ခဲ့ပါဘူး။
ကြိုးကြိုးစားစားအလုပ်လုပ်ရင်း ကိုယ့်ဘဝတက်လမ်းအတွက်ပဲ ကြိုးစားချင်တဲ့ စူးမော့နဲ့ သူဌေးသား ဝမ်ကျွီးအန်းတို့ ကြားမှာ
ချစ်ခြင်းမေတ္တာတွေ ပေါက်ဖွားလာတဲ့အခါ ဘာတွေဆက်ဖြစ်ကြမလဲ
ချစ်ခြင်းရဲ့ပန်းတိုင်က လက်ထပ်ခြင်းလို့ သတ်မှတ်ထားတဲ့စူးမော့နဲ့ အိမ်ထောင်တစ်ခုကို ဦးဆောင်ဖို့ ယုံကြည်ချက်မရှိတဲ့ ဝမ်ကျွီးအန်းတို့ကြားက ချစ်ခြင်းတရားတွေက အဆုံးထိ တည်မြဲနိုင်မှာလားဆိုတာတော့ ဒီဇာတ်လမ်းတွဲလေးမှာ အားပေးကြပါဦးနော်
Three Lives ဇာတ်လမ်းတွဲတွေမှာ dilireba နဲ့ အတွဲညီခဲ့တဲ့ တုန်းဟွာတိကျွင်းကို ဒီဇာတ်လမ်းထဲမှာ CEO type နဲ့ ပြန်မြင်ရမှာဆိုတော့ ပရိသတ်ကြီး အားပေးဖို့ အဆင်သင့်ပဲလား