Movie Name
The Legend Of Anle (အမုန်းဖြင့်တည်သော ချစ်ခြင်းမီးလျှံ) (2023)
Year
2023
Generes
Drama, Historical, Romance
Code
SC0664
Type
Series
Size
10.7 GB
Country
China
Description
1-39 COMPLETED ဒီတစ်ခါမှာတော့ CMက‌နေ ဘာသာပြန်တင်ဆက်တင်‌ဆက်ပေးမယ့် ဇာတ်လမ်းတွဲလေးကတော့ အားလုံးစောင့်မျှော်နေကြတဲ့ ရန်အန်းလဲ့(တိကျစ်ယွမ်)အဖြစ် အချစ်တော်လေး Dilireba အိမ်ရှေ့စံမင်းသားဟန်ယဲ့အဖြစ် ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင် မင်းသားGong Jun တို့အပြင် Long Ballad ကားနဲ့ မြန်မာပရိတ်သတ်ရဲ့ကြိုက်နှစ်သက်မှုကိုရထားတဲ့ Liu Yuning က အမတ် လော့မင်ရှီးအဖြစ် ပါဝင်အားဖြည့်ထားတဲ့ ကားလေးပဲဖြစ်ပါတယ် ဇာတ်လမ်းအကျဉ်းလေးကတော့ လွန်ခဲ့တဲ့ ၁၀နှစ်က တိုင်းပြည် သစ္စာဖောက်မှုနဲ့ မှားယွင်းစွပ်စွဲခံခဲ့ရတဲ့ တိမိသားစုရဲ့ မျိုးဆက် တိကျစ်ယွမ်ဆိုတဲ့ သတ္တိခဲမလေးက ၁၀ နှစ်အကြာမှာတော့ ပြည်သူတွေရဲ့ အေးချမ်းမှုကို ဖော်ဆောင်ပေးရင်း နန်းတွင်းကို ချဉ်းကပ်ဖို့ အကြံစည်နဲ့ ရန်အန်းလဲ့အဖြစ် တစ်ဖန်ပေါ်လာခဲ့ပါတယ် တိမိသားစုရဲ့ အပြစ်ကင်းစင်ကြောင်းကို ပြန်လည်ဖော်ထုတ်ဖို့ အကြံရှိတဲ့သူမနဲ့ ပြည်သူတွေကို အလေးထားတဲ့ အိမ်ရှေ့စံ မင်းသား ဟန်ယဲ့တို့ ၁၀ နှစ်အကြာမှာ ပြန်လည်တွေ့ဆုံခဲ့ပါတယ် ငယ်စဉ်ကတည်းက ဘိုးတော်မင်းကြီးရဲ့အမိန့်နဲ့ မင်းသားနဲ့ ကျစ်ယွမ်တို့က စေ့စပ်ထားတာပဲဖြစ်ပါတယ် ပြန်လည်ဆုံတွေ့ချိန်မှာတော့ မမှတ်မိခဲ့တဲ့မင်းသားက ကျစ်ယွမ်ဆိုတဲ့ ကောင်မလေးအပေါ်မှာ သစ္စာရှိနေဆဲဖြစ်နေပြီး တိုင်းပြည်အတွက် အောင်မြင်မှု တစ်ခုလုပ်ဆောင်နိုင်ခဲ့တဲ့ အန်းလဲ့ကတော့ အိမ်ရှေ့စံမိဖုရားနေရာကို ဆုအဖြစ်တောင်းခံခဲ့ရာမှာတော့ မင်းသားက ငြင်းဆိုခဲ့ပါတယ်… နောက်ပိုင်းတွေမှာ နှစ်ယောက်အတူတူ တိုင်းပြည်အတွက် ဘယ်လိုတွေ ပူးပေါင်း တိုက်ပွဲဝင်သွားမှာလဲ သူတို့နှစ်ယောက်ရဲ့ ကံကြမ္မာက ဘယ်လိုတွေဆက်ဖြစ်မှာလဲ အန်းလဲ့ကရော နောက်ဆုံးမှာ တိမိသားစုအတွက် တရားမျှတမှုကို ပြန်ရယူနိုင်မှာလားဆိုတာကိုတော့ မ ကြာခင် CM မှာတင်ဆက်ပေးတော့မှာဖြစ်လို့ စောင့်မျှော်ကြည့်ရှုအားပေးလို့ရပါတယ်နော်…