Movie Name
Twilight (ချစ်ရိပ်လဲ့ဖြာ ညဉ့်ဆည်းဆာ) (2023)
Year
2023
Generes
Drama, Romance
Code
SC0666
Type
Series
Size
12.5 GB
Country
China
Description
1-40 COMPLETED ဒီတစ်ခေါက် CM ရဲ့ ပရိသတ်တွေအတွက် မင်းသားလေး Allen Ren နဲ့ မင်းသမီးလေး Angelababy တို့ရဲ့ ဇာတ်လမ်းသစ်လေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့- စိတ်ကျန်းမာရေးဆရာဝန်ဖြစ်သူ လျိုရှာဟာ လမ်းမှာ တံတားပေါ်က ခုန်ချချင်တဲ့ အမျိုးသမီးတစ်ယောက်ကို သူ့ရဲ့ပညာနဲ့ကူညီပေးခဲ့ပြီး ကယ်တင်ပေးခဲ့ပါတယ်။ အဲ့ဒီ့အဖြစ်အပျက်ကို သူ့ရဲ့ စုံထောက်ဝတ္ထုကို ဇာတ်ညွှန်းအဖြစ် ရေးချင်နေသူ စာရေးဆရာ ချီလျန်ရှန်းက တွေ့သွားပြီး လျိုရှာကို အကြံပေးအဖြစ် လုပ်ပေးဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။ လူအများအပြားကို ကူညီပေးချင်တဲ့ စိတ်ကူးအိပ်မက်ကို အကောင်အထည်ဖော်ဖို့အတွက် လျိုရှာက သူမရဲ့ကိုယ်ပိုင်ရုံးခန်း ဖွင့်ခဲ့ပြီးတော့ လူအများကို စိတ်ကျန်းမာရေးပညာနဲ့ အကူအညီပေးနိုင်ခဲ့ပါတယ်။ ချီလျန်ရှန်းရဲ့ ဝတ္ထုကို ဇာတ်လမ်းအဖြစ် ပြောင်းလဲနေချိန်မှာလည်း လျိုရှာရဲ့ အကူအညီတွေ ရရှိခဲ့ပါတယ်။ သူတို့နှစ်ယောက် အဆက်အသွယ်အမြဲရှိနေခဲ့ပြီး ချီလျန်ရှန်းဟာလည်း လျိုရှာအပေါ် တဖြည်းဖြည်း မေတ္တာရှိလာခဲ့တယ်။ အဲ့နောက်မှာ တဖြည်းဖြည်း လျိုရှာရဲ့ ပရဟိတလုပ်ငန်းတွေမှာ ပါဝင်ခဲ့ပြီးတော့ ဘဝအခက်အခဲတွေနဲ့ ရင်ဆိုင်နေရသူတွေကို ကျော်ဖြတ်နိုင်အောင် ကူညီပေးခဲ့ပါတယ် သူတို့နှစ်ယောက်လည်း အကြိမ်ကြိမ်ပူးပေါင်းမှုတွေကတစ်ဆင့် တဖြည်းဖြည်းနီးကပ်လာပြီး ဘယ်လိုတွေရှေ့ဆက်လှမ်းကြမလဲ ဘယ်လိုတွေ အခက်အခဲကို ဖြတ်ကျော်ကြမလဲဆိုတာ ဆက်လက်ခံစားကြည့်ရှုပါ