-
Movie Name
-
Firestarter (1984)
-
Year
-
1984
-
Generes
-
Action, Horror, Sci-Fi
-
Code
-
EN3079
-
Type
-
Movie
-
Size
-
884 MB
-
Country
-
Hollywood
-
Description
-
Firestarter (1984)
King of Horror လို့တင်စားခံထားရတဲ့ စာရေးဆရာကြီး Stephen King ရဲ့ နာမည်တူ Firestarter (1980) ဝတ္ထုကို ရုပ်ရှင်အဖြစ် အသက်သွင်းထားတဲ့ ပထမဇာတ်ကားပေါ့။
အန်တီ Drew Barrymore ကလေးပေါက်စဘဝက ရိုက်ကူးထားတာဖြစ်ပြီး Cast တွေကလည်း ကြမ်းသလို ဒီဇာတ်ကားက စူပါဟီးရိုးကားဆန်ဆန် ရိုက်ထားတဲ့ Firestarter (2022) ထက်စာရင် စာအုပ်ရဲ့ အနှစ်သာရနဲ့ ပိုပြီး နီးစပ်တယ်လို့ ပြောကြပါတယ်။ ဇာတ်ကားနှစ်ခုလုံးက သူ့အတိုင်းအတာနဲ့သူ အထိုက်အလျှောက်အောင်မြင်မှုတွေ ရခဲ့တာကတော့ အသေအချာပါပဲ။
ဇာတ်လမ်းအကျဉ်းကတော့ အန်ဒရူးမက်ဂီးနဲ့ ဗစ်ကီ (ခေါ်) ဗစ်တိုးရီးယားတို့ The Shop လို့ခေါ်တဲ့ အဖွဲ့အစည်းကလုပ်တဲ့ ဆေးဝါးစမ်းသပ်မှုတစ်ခုမှာ လုပ်အားပေးအနေနဲ့ ငွေရှာရင်းတွေ့ကြပါတယ်။ ဆေးကအစွမ်းပြလာတဲ့အချိန် တစ်ယောက်ရဲ့အတွေးကို တစ်ယောက်က ကြားရပြီး စိတ်စွမ်းအင်တွေရလာပါတယ်။ ပြီးတော့ ရှေးရေစက်ကြောင့် နှစ်ယောက်သား နီးစပ်သွားတယ်ပေါ့ဗျာ။
သူတို့နှစ်ယောက် အိမ်ထောင်ကျပြီး ကောင်မလေးတစ်ယောက်မွေးလာပါတယ်။ စိတ်စွမ်းအားရှင် အဖေနဲ့အမေကမွေးလာတဲ့ ဒီကောင်မလေးက စိတ်ရှိသလိုတွေ့တဲ့အရာဝတ္ထုတိုင်းကို မီးတိုက်နိုင်တဲ့အစွမ်းရှိနေပါတယ်။
နျူကလီးယားဗုံးတစ်လုံးလို စွမ်းအားတွေကို ပိုင်ဆိုင်ထားတဲ့ ကလေးမကို The Shop က စမ်းသပ်လေ့လာဖို့အတွက် ခေါ်ချင်ပေမဲ့ မိဘတွေကတော့ မထည့်ချင်ပါဘူး။ အဲဒီလိုနဲ့ The Shop ဖက်က အတင်းအကြပ် လုယူဖို့ကြိုးစားတဲ့အချိန်မှာ ကလေးအမေက သေသွားပြီး ကလေးနဲ့ကလေးအဖေနဲ့က ထွက်ပြေးရပါတော့တယ်။ နောက်တော့ ကလေးကို The Shop အဖွဲ့က ပြန်မိသွားပြီး စမ်းသပ်မှုတွေလုပ်ပါတော့တယ်။ လမ်းလျှောက်နေတဲ့ နျူကလီးယားဗုံးလေးကို စိတ်ဆိုးအောင် လုပ်မိသွားတဲ့အချိန်မှာတော့…
Box Office နဲ့ တွက်မယ်ဆိုရင် 2022 ကားထက် ဒီဇာတ်ကားကတောင် ပိုအောင်မြင်တယ်လို့ ပြောလို့ရပါသေးတယ်။ ဒါပေမဲ့ ခုခေတ် အမြင်နဲ့ကြည့်မယ်ဆိုရင်တော့ Effect တွေနဲ့ သရုပ်ဆောင်ပုံတွေ ကွာနေတော့ တစ်မျိုးဖြစ်နေမှာပါ။ ဘယ်လိုပဲဖြစ်ဖြစ် Drew Barrymore နဲ့ တူတူမီးမွှေးလိုက်ကြပါစို့လား။