Movie Name
A Man (2022)
Year
2022
Generes
Drama, Romance
Code
JP0173
Type
Movie
Size
956 MB
Country
Japan
Description
A Man (2022) ~ IMDb – 7/10, RT – 100%, MyDramaList – 7.9/10 ~ ဘယ်သူဘယ်ဝါဆိုတာ အမှန်မသိရတဲ့ ယောက်ျားတစ်ယောက်အကြောင်း စုံစမ်းထောက်လှမ်းရင်းနဲ့ သူ့ရဲ့ ရှုပ်ထွေးတဲ့ဘဝအတိတ်အကြောင်းတွေကို တစ်ဆင့်ချင်း သိလာရမယ့် Mystery ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။ ဂျပန်နိုင်ငံမှာရှိတဲ့ ရွှေ့ပြောင်းကိုရီးယားလူမျိုးတွေအပေါ် လူမျိုးရေးခွဲခြားမှုတွေ၊ ဒီလိုဖိအားကြောင့် ဖြစ်လာရတဲ့ အမှုတွေကိုလည်း ဒီရုပ်ရှင်ထဲမှာ မြင်ရမှာပါ။ ရိအဲလို့ခေါ်တဲ့အမျိုးသမီးက ယောက်ျားဖြစ်သူနဲ့ ကွာရှင်းပြီးနောက် သားအကြီးနဲ့အတူ နယ်မြို့လေးဆီ ပြောင်းလာခဲ့ပါတယ်။ စာရေးကိရိယာဆိုင်လေးဖွင့်ထားရင်းနဲ့ ဒိုင်ဆုကဲဆိုတဲ့ အမျိုးသားနဲ့ ဆုံတွေ့ခဲ့ပါတယ်။ ဒိုင်ဆုကဲက တည်းခိုခန်းကြီးပိုင်ရှင်ရဲ့ သားဖြစ်ပေမဲ့ မိသားစုဆီကနေ ထွက်လာခဲ့ပြီး တောင်ပေါ်မှာ သစ်ခုတ်လုပ်ငန်းလုပ်ရင်း ဇာတ်မြှုပ်နေတာပါ။ ကြင်နာတတ်ပြီး ရိုးသားတဲ့ ဒိုင်ဆုကဲကို ရိအဲလည်း သဘောကျသွားပြီး နောက်အိမ်ထောင်ပြုခဲ့ပါတယ်။ ၄နှစ်ကြာပြီးနောက်မှာတော့ သမီးလေးတစ်ယောက်လည်းထပ်ရနေပြီး ပျော်ရွှင်တဲ့မိသားစုလေးဖြစ်နေပါပြီ။ တစ်နေ့မှာတော့ သစ်ခုတ်သွားရင်းနဲ့ ဒိုင်ဆုကဲတစ်ယောက် သစ်ပင်ပိပြီး ဆုံးပါးသွားရပါတယ်။ တစ်နှစ်ပြည့် ဈာပနအခမ်းအနားလုပ်တဲ့အခါ ဒိုင်ဆုကဲရဲ့ အစ်ကိုအရင်းလည်း ရောက်လာခဲ့ပါတယ်။ ကွယ်လွန်သူရဲ့ဓာတ်ပုံကို ကြည့်လိုက်တဲ့အခါမှာတော့ ပုံထဲကလူဟာ သူ့ညီ ဒိုင်ဆုကဲမဟုတ်တဲ့အခါ… အငြင်းပွားစရာတွေဖြစ်လာပါတယ်။ ရိအဲလည်း သူကွာရှင်းစဉ်တုန်းက အမှုအပ်ခဲ့တဲ့ ရှေ့နေကိုပဲ ထပ်ခေါ်ပြီး သူ့ယောက်ျားရဲ့ Identity အစစ်အမှန်ကို ရှာဖွေဖို့ကြိုးစားပါတယ်။ လူချင်းလဲရလောက်တဲ့အထိဖြစ်ခဲ့တဲ့ ရိအဲယောက်ျားရဲ့အတိတ်ကရော ဘာတွေများဖြစ်ခဲ့လို့လဲဆိုတာကို ဇာတ်ကားထဲမှာ ဆက်လက်ရှုစားနိုင်ပါတယ်။