-
Movie Name
-
The Collective (2023)
-
Year
-
2023
-
Generes
-
Action, Thriller
-
Code
-
EN3103
-
Type
-
Movie
-
Size
-
663 MB
-
Country
-
Hollywood
-
Description
-
The Collective (2023)
Missionတွေလုပ်ရတဲ့ အက်ရှင်ကားကောင်းလေးတွေ မျှော်နေသူတွေသဘောတွေ့စေမယ့် The Collection ဆိုတဲ့ကားသစ်လေးကို တင်ဆက်ပေးလိုက်ပါပြီ။
X-men ထဲက Havok ဖြစ်တဲ့ Lucas Till နဲ့ FF မိသားစုဝင် Roman (Tyrese Gibson)တို့ ဘယ်လိုအတွဲညီညီနဲ့ ရန်သူကို နှိမ်နင်းမလဲဆိုတာ ကြည့်ရှုလိုက်ရအောင်ပါ။
မသမာမှု လာဘ်စားမှုတွေနဲ့ ပြည့်နှက်နေတဲ့ ငွေသာအရာရာဖြစ်နေတဲ့လောကကြီးမှာ ဝိသမလောဘသားတွေက ငွေထုပ်လှေကားခုပြီး ဥပဒေပေါ်တက်ထိုင်နေကြတာပေါ့။
နိုင်ငံရေးလောကရဲ့ထိပ်သီးတွေ အစိုးရရာထူးအကြီးပိုင်းတွေကိုပါ ငွေနဲ့အိတ်ထဲထည့်ထားတဲ့ ဒီလိုလူတွေ
CIAလိုအဖွဲ့ကတောင် ဥပဒေဘောင်တွင်းက ဘာမှလုပ်မရဘဲ ကြည့်နေရုံသာ တတ်နိုင်ပါသတဲ့။
ဒါပေမဲ့ မတရားမှုကို လက်ပိုက်ကြည့်မနေနိုင်တဲ့လူတွေစုပြီး ဒီလို ဥပဒေသွားထိလို့မရတဲ့လူတွေ သေနတ်နဲ့ရှင်းမယ်ဆိုတဲ့
အခွင့်ထူးခံတွေကို ကျရှုံးစေမယ့် The Collectiveဆိုတဲ့ အမှန်တရားဘက်တော်သားကြေးစားအဖွဲ့ပေါ်လာပါတော့တယ်။
မီရိုဆိုတဲ့ လူကုန်ကူးတဲ့ ရာဇာကြီးတစ်ယောက်က ရွေးကောက်ပွဲမဲဝယ်တဲ့ကိစ္စနဲ့ပတ်သက်ပြီး သတင်းဖြန့်ခဲ့တဲ့
သတင်းပေးခရစ်စတိုဖာနီလီဆိုတဲ့လူကို ထုံးစံအတိုင်း လေလံပစ်ဖို့လုပ်နေတာပေါ့။
ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး သတင်းထွက်တာကြောင့် ခံလိုက်ရသူတွေလည်းမနည်းတော့ နီလီကိုလက်စားချေအမှုန့်ကြိတ်ချင်နေသူတွေကလည်းဒုနဲ့ဒေးပါပဲ။
The Collectiveအဖွဲ့ကလည်း နီလီကိုသာရရင် ရာထူးကြီးပိုင်းက အကျင့်အပျက်ခြစားမှုတွေကို ဖော်ထုတ်နိုင်မှာဖြစ်လို့ နီလီကိုပစ်မှတ်ထားထားတာပေါ့။
ဒါပေမဲ့ မီရိုကလည်း ခေသူတစ်ယောက်မဟုတ်တဲ့အခါ…
ဆမ်ကတော့ လတ်လတ်လောလော training အောင်ထားတဲ့ လက်တွေ့မစ်ရှင်မလုပ်ဖူးသေးတဲ့ ကြေးစားလက်သစ်လေးပေါ့။
ဒါပေမဲ့ Collectiveအဖွဲ့ရဲ့စနစ်ကို မီရိုဘက်ကလူတွေက ဟက်ခ်သွားတာကြောင့် အေးဂျင့်တွေအကြောင်းအကုန်ပေါ်သွားတဲ့အတွက်
စနစ်ထဲမရောက်သေးတဲ့ လူသစ်လေးက မီရိုလိုရာဇာကြီးကိုဖမ်းဖို့ အဖွဲ့ထဲကကြေးစားဂုရုကြီးဟူဂိုနဲ့ လက်တွဲရဖို့ဖြစ်လာတဲ့အခါမှာတော့ ….
ကြေးစားဂုရုကြီးဟူဂိုနဲ့ ဒုစရိုက်ကျားကြီးမီရိုတို့ရဲ့တိုက်ပွဲအလယ်က လူတစ်ယောက်မှမသတ်ဖူးတဲ့ ဘုရားစူးအဖြူထည်ကြေးစားလေးဆမ်တို့ ဘာတွေဘယ်လိုဆက်ဖြစ်ကြမလဲ။
မီရိုလက်က ခရစ်စတိုဖာနီလီကိုရော The Collectiveအဖွဲ့က ရသွားမှာလားဆိုတာ ဆက်လက်ကြည့်ရှုလိုက်ရအောင်ပါ