Movie Name
Brother (2022)
Year
2022
Generes
Drama
Code
EN3108
Type
Movie
Size
955 MB
Country
Hollywood
Description
Brothers (2022) ~ IMDb – 7/10, Rotten Tomatoes – 88% ~ ဒီဇာတ်ကားလေးက 2022 နှစ်မှာထွက်ထားတဲ့ ကနေဒီယန်ဇာတ်ကားလေးဖြစ်ပါတယ်။ ဆုတွေ (၁၄)ခုအထိရပြီး Nomination (၁၇)ခုထိတောင်၀င်ထားတာပါ။ IMDb မှာဆိုလည်း 7/10 နဲ့ ခရမ်းချဉ်သီး 88% ရထားပါတယ်။ ဇာတ်အိမ်လေးကတော့ ရွေ့ပြောင်းနေထိုင်သူ မိခင်တစ်ယောက်နဲ့ သားနှစ်ယောက်အ‌ပေါ်အခြေတည်ထားပြီး သူတို့အကြောင်းကို စိတ်၀င်တစားကြည့်ရှုရမှာပါ။ ဒီဇာတ်ကားက တကယ်ကိုလှပပြီး ခံစားချက်တွေကို ကွက်ကွက်ကွင်းကွင်းမြင်နိုင်အောင် ဆွဲဆောင်နိုင်လွန်းပါတယ်။ လက်ရှိအချိန်နဲ့ အတိတ်ကာလကို နောက်ကြောင်းပြန် ယှဉ်ပြထားပြီး ထိခိုက်နာကျင်စရာကောင်းတဲ့နေရာဆီကို တ‌ဖြည်းဖြည်းဆွဲခေါ်သွားတာကိုက ဒီဇာတ်ကားရဲ့လှပမှုပါပဲ။ ဒီဇာတ်ကားကို အပေါ်ယံကြည့်ရင် သာမန်မိသားစုဒရာမာကားလေးပါပေါ့။ ဒါပေမဲ့ အဲဒီအောက်မှာတော့ ရွေ့ပြောင်းနေထိုင်သူတွေရဲ့ ခက်ခဲကြမ်းတမ်းတဲ့ဘ၀တွေ၊ အဲဒီခေတ်က လူမျိုးရေးခွဲခြားမှုတွေအပြင် လူမျိုးတူချင်းဆီကပါ ပိုင်နက်စိုးမိုးလိုမှုကြောင့် ရန်စောင်မှုတွေကို နက်နက်နဲနဲ မြင်နိုင်တဲ့ဇာတ်လမ်းလေးပါ။ တကယ်လို့ ခင်ဗျားက သာမန်ဟောလိဝုဒ်စတိုင်ဖျော်ဖြေရေးဇာတ်ကားတစ်ကားကိုမျှော်လင့်နေရင် ဒီကားလေးက သာမန်ဇာတ်လမ်းလေးပါပဲ။ ဒါပေမဲ့ ခင်ဗျားက ထိရှလွယ်ပြီး ကံဆိုးမိုးမှောင်ကျတဲ့သူတွေရဲ့ဇာတ်လမ်းတွေကို ကိုယ်ချင်းစာပြီးခံစားတတ်ရင် ဒီကားလေးက ခင်ဗျားတို့အတွက် ရွေးချယ်မှုကောင်းပါပဲ။ ဘယ်လိုပဲဆိုဆိုပါ အချိန်ပေးရတန်တဲ့ကားဆိုတာ ဆုတွေကသက်သေပါပဲ။ အားလုံးပဲကြည့်ရှုခံစားလိုက်ကြပါဦး။