Movie Name
Match Me If You Can (2023)
Year
2023
Generes
Comedy, Romance
Code
EN3136
Type
Movie
Size
930 MB
Country
Hollywood
Description
လွန်ခဲ့တဲ့တစ်ပတ်လောက်ကမှ အသစ်စက်စက်ထွက်ရှိထားတဲ့ Match Me If You Can ဆိုတဲ့ Romance/ Comedy ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ IMDB rating 5.3 ရရှိထားပြီး ဇာတ်အိမ်ကလည်း တမူထူးခြားနေတာမို့ ပေါ့ပေါ့ပါးပါးနဲ့ ကြည့်လို့ကောင်းမဲ့ကားလေးတစ်ကားပါပဲ။ ကစ်ပ်က ကွန်ပျူတာပရိုဂရမ်မာတစ်ယောက်ဖြစ်ပြီး တစ်ဘဝလုံးအချစ်နဲ့ဝေးရာမှာနေလာရတဲ့ စာဂျပိုးမလေးတစ်ယောက်ပါ။ သူ့အတွက်အဖော်ဆိုလို့ ရုံးကအူကြောင်ကြောင် သူငယ်ချင်းသုံးယောက်နဲ့ ဝင်ကစွပ်ကောင်လေးတစ်ကောင်ပဲ ရှိပါတယ်။ ရိုင်လေကတော့ I Promise လို့အမည်ရတဲ့ Online Dating ဝက်ဘ်ဆိုက်တစ်ခုကို ဦးစီးနေသူဖြစ်ပြီး သူ့ရဲ့ကုမ္ပဏီက လူငယ်တွေကြားမှာ ရေပန်းစားတဲ့ကုမ္ပဏီတစ်ခုပါ။ ဒီလိုနဲ့တစ်ရက်မှာတော့ မထင်မှတ်ဘဲ I Promise မှာ sign up လုပ်ပြီး ရည်းစားရှာဖို့ကြိုးစားခဲ့တဲ့ကစ်ပ်ဟာ ကုမ္ပဏီဘက်က ကစ်ပ်အတွက် ရည်းစားရှာမရနိုင်ကြောင်း ပြန်စာကိုရရှိပြီးနောက်မှာတော့ အကြီးအကျယ်ပေါက်ကွဲပြီး I Promise ကို စတင်တိုက်ခိုက်ပါတော့တယ်။ ရန်သူတွေအဖြစ်စတင်ခဲ့တဲ့ ကစ်ပ်နဲ့ရိုင်လေရဲ့ဇာတ်လမ်းလေးက ဘယ်လိုများအချစ်အသွင်ကို ပြောင်းလဲသွားမှာလဲ‌‌ဆိုတာကိုတော့ ဇာတ်ကားထဲမှာပဲ ဆက်လက်ကြည့်ရှုပေးပါဦးနော်။ အခုခေတ်က အင်တာနက်ခေတ်ဖြစ်ပြီး အရာရာကိုအင်တာနက်မှာပဲ အလွယ်တကူရှာဖွေရရှိနေနိုင်တာမို့ online dating app တွေ website တွေဆိုတာလည်း ဒီနေ့ခေတ်လူငယ်တွေနဲ့တော့ သိပ်ပြီးစိမ်းနေမှာမဟုတ်ပါဘူး။ အဲဒါကြောင့် ရိုးရိုးလေးနဲ့ဆန်းတဲ့ဒီဇာတ်ကားက နားလည်ရခက်မှာလည်းမဟုတ်သလို ကြည့်ရင်းနဲ့အပျင်းပြေစေမဲ့ ဇာတ်ကားကောင်းလေးတစ်ကားပါပဲ။