Movie Name
A Safari Romance(2023)
Year
2023
Generes
Drama, Romance
Code
EN3141
Type
Movie
Size
1.03 GB
Country
Hollywood
Description
ဒီဇာတ်ကားကတော့ Family movieမျိုးပါပဲ 2023ထွက်ကားဆိုပေမဲ့ ဇာတ်အိမ်နဲ့ ဒိုင်ယာလော့ခ်တွေက သိပ်ပြီးဆန်းတာမပါတော့ ကားဟောင်းတစ်ကားကိုပြန်ကြည့်ရသလိုမျိုးပဲ ဇာတ်လမ်းက ရိုးရှင်းပါတယ်။ အပန်းဖြေကွင်းဒီဇိုင်နာ တင်မ်နဲ့ သုတေသနပညာရှင်လည်းဖြစ် တောထိန်းတစ်ဦးလည်းဖြစ်တဲ့ မက်ဂန်တို့ ဆာဖာရီဥယျာဥ်ထဲဆုံကြရင်း ရင်းနှီးသွားကြတယ်။ ဒီလိုနဲ့ ဆာဖာရီဥယျာဥ်ဆီကို တင်မ်ရဲ့ရည်းစားဟောင်းအေမီထပ်ရောက်လာတယ် ။ တင်မ်ရော ဆမ်ရောက ကိုယ့်အလုပ်ကိုယ်မြတ်နိုးတဲ့သူတွေ၊ အေမီက exဆိုတော့ဇာတ်ညွှန်းအရ ဗီလိန်နေရာမှာပဲပေါ့။ ဇာတ်ညွှန်းအစအဆုံးက သမားရိုးကျဇာတ်လမ်းမျိုးပါပဲ။ ဆာဖာရီရဲ့ရိုးရာဓလေ့တွေတော့ ပါသင့်သလောက်ပါတယ် Actingအဆင်ပြေတယ်။ တစ်ကားလုံးနီးပါး settingကို ဆာဖာရီကိုအခြေခံထားပေမဲ့ တိရစ္ဆာန်အခန်းတွေအရမ်းမများဘူး အဝေးရိုက်ချက်တွေလောက်ပဲပါတယ်။ ဇာတ်လမ်းက Comedyမပါဘူး။ Romance/ Friendship/Drama သီးသန့်ပဲ။ ဇာတ်ကားကိုကြည့်သင့်တဲ့အချက်ကတော့ lightဖြစ်တဲ့ကားမျိုးကို ပိတ်ရက်မှာ အေးအေးချမ်းချမ်းကြည့်ချင်တဲ့ရက်မျိုးတွေဆို သင့်တော်ပါတယ်။