-
Movie Name
-
Love Revolution (အချစ်ရဲ့အထာ)(2020)
-
Year
-
2020
-
Generes
-
Drama, Romance
-
Code
-
ST0799
-
Type
-
Series
-
Size
-
14.4 GB
-
Country
-
Thai
-
Description
-
1-26complete
အက်ခီ အဖြစ် Son Yuke Songpaisan
နီချာ အဖြစ် Esther Supreeleela
ဇာတ်လမ်းအကျဥ်း...
နီချာလို့ခေါ်တဲ့ကောင်မလေးဟာ တစ်ရက်မှာတော့ မိဘမဲ့ကျောင်းကနေ သူဌေးလင်မယားနှစ်ယောက်ရဲ့မွေးစားခြင်းကို ခံလိုက်ရပါတယ်။ ဒါပေမဲ့ မိန်းကလေးလိုမနေရဘဲ ယောကျာ်းလေးလိုဟန်ဆောင်ပြီး နေခဲ့ရပါတယ်။ အပြန်အလှန်အနေနဲ့ နီချာရဲ့မွေးစားမိဘတွေက နီချာကြီးပျင်းခဲ့တဲ့ မိဘမဲ့ကျောင်းကို ထောက်ပံ့ကူညီပေးခဲ့ပါတယ်။ သိပ်မကြာခင်မှာပဲ နီချာဟာ မွေးစားမိဘတွေကြောင့် သူဌေးသားအဖြစ်နဲ့ ကိုယ့်ပုံစံအမှန်ကိုဖုံးကွယ်နေထိုင်ရင်း တတိယမျိုးဆက် အမွေဆက်ခံသူ ဖြစ်လာခဲ့ပါတယ်။
ငယ်ငယ်တုန်းက နီချာနဲ့အတူတူ မိဘမဲ့ကျောင်းမှာ နေခဲ့ဖူးတဲ့ အက်ခီဟာလည်း အမေအသတ်ခံရပြီးနောက်ပိုင်း အမေ့ကိုသတ်သွားတဲ့သူတွေဆီကနေ ရှောင်ပုန်းဖို့အတွက် ဆိုင်ဖာဆိုတဲ့အမည်သစ်နဲ့ မိဘမဲ့ကျောင်းမှာ ကြီးပျင်းလာခဲ့ပါတယ်။ နီချာရဲ့မွေးစားမိဘတွေ ထောက်ပံ့ပေးတဲ့ စကောလားရှစ်နဲ့ကျောင်းတက်ရင်း သူငယ်ချင်းတွေဖြစ်တဲ့ လင်၊ ဝါယု၊ ကြာ တို့နဲ့အတူတူ နီချာတို့ကုမ္ပဏီမှာ အလုပ်ဝင်လုပ်ခဲ့ကြပါတယ်။ ဒါပေမဲ့ သူတို့လေးစားအားကျရတဲ့ ကုမ္ပဏီဒါရိုက်တာဟာ သူတို့ငယ်သူငယ်ချင်းဖြစ်နေတာကိုတော့ မသိခဲ့ကြပါဘူး။
ဒီဇာတ်လမ်လေးကတော့ အကြောင်းအမျိုးမျိုးကြောင့် ကိုယ့်ပုံရိပ်အမှန်ကိုဖုံးကွယ်ထားရတဲ့လူနှစ်ယောက်ကြား အပြန်အလှန်ဖေးမကူညီရင်း အခက်အခဲတွေကိုကျော်ဖြတ်သွားကြမဲ့ မိသားစုဒရာမာ ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။