Movie Name
Lost You Forever (လွမ်းဆွတ်တမ်းတခြင်းမည်သည်)(2023)
Year
2023
Generes
Drama, Fantasy, Romance
Code
SC0672
Type
Series
Size
12.3 GB
Country
China
Description
1-39complete ‌ရှေးရှေးတုန်းက လူ နတ် မိစ္ဆာတို့ အတူတကွ နေထိုင်တဲ့အချိန် ရှန်နုံ ရွှမ်းယွမ် ကောင်းရှင်းအမည်တွေရှိတဲ့ တိုင်းပြည်သုံးခုရှိသတဲ့။ ရှောင်‌ယောင်းဆိုတဲ့ မိန်းမငယ်လေးက သူ့ရဲ့ပုံစံအစစ်အမှန်ကို ဖုံးကွယ်ပြီး ချင်းရွှေမြို့က ဟွေ့ချွင်းဆေးကုဆောင်မှာ ဝမ်းရှောင်လျို့ဆိုတဲ့ သမားတော်လေးအဖြစ် နေထိုင်လေတယ်။ ရှောင်ယောင်းရဲ့ ဝမ်းကွဲအစ်ကိုတော် ရွှမ်းယွမ်တိုင်းပြည်ရဲ့ မင်းသားချန်းရွှမ်က ရှောင်ယောင်းကို ရှာဖို့အတွက် တစ်လောကလုံးကို လှည့်လည်သွားလာရင်း ချင်းရွှေမြို့ကို ရောက်လာခဲ့တယ်။ ‌ချန်းရွှမ်တစ်ယောက် ရှောင်ယောင်းနဲ့တွေ့ပြန်တော့လည်း ပုံစံအမှန်ပျောက်ဆုံးနေ‌တဲ့ သူ့ညီမလေးကို မမှတ်မိဘဲနေ‌တယ်။ ဝမ်းရှောင်လျို့က တစ်ရက်မှာ အမှတ်တမဲ့ ချင်းချိုးရဲ့သခင်လေး ထူရှန်းကျင်ကို သေခါနီးအခြေအနေကနေ သာမန်လူတစ်‌ယောက်လို နာလန်ထူနိုင်တဲ့အထိ ကယ်တင်ကုသပေးခဲ့တယ်။ ရှစ်ချီးလို့ အမည်ပေးခံရတဲ့ ထူရှန်းသခင်လေးက ရှောင်လျို့အနားမှာပဲ နေပြီး ရှောင်လျို့လိုအပ်တာမှန်သမျှ တောက်တိုမယ်ရကအစ လုပ်ပေးတယ်။ တစ်နေ့မှာ ရှောင်လျို့နဲ့ ရှစ်ချီးတို့ တောထဲမှာ ဆေးမြစ်‌‌ရှာရင်း ကျိုကျိုဆိုတဲ့ အကောင်ငယ်လေးကို တွေ့မိတော့ ဖမ်းဆီးမလို့ ကြိုးစားတယ်။ ဒါပေမဲ့ ကံကြမ္မာအကြောင်းဖန်ကာ ရှန်းလျိုအမည်ရတဲ့ ခေါင်းကိုးလုံးမိစ္ဆာနဲ့ ဆုံလေရဲ့။ သို့သော် ရှန်းလျိုက ရှောင်လျို့ကို သူအမိန့်ပေးတာမှန်သမျှ လုပ်ပေးရမယ်ဆိုတဲ့ သဘောတူညီချက်နဲ့ ပြန်လွှတ်ပေးခဲ့ပါတယ်။ ဒီလိုနဲ့ တစ်စတစ်စ ရေစက်ဆုံလာကြတဲ့ အမျိုးသားသုံးဦးနဲ့ ရှောင်‌ယောင်းရဲ့ အနာဂတ်က ဘယ်လိုဆက်ဖြစ်မလဲ...။ ရှောင်ယောင်းရဲ့ သရုပ်မှန်အစစ်က ဘာဖြစ်မလဲ...။ ကံကြမ္မာအရ သံယောဇဉ်တွယ်လာတဲ့ အမျိုးသားတွေကြားမှာ ‌ရှောင်ယောင်းရဲ့လက်တွဲဖော်က ဘယ်သူဖြစ်မလဲ...။ မူရင်းဝတ္ထုစာရေးဆရာမက ဒီဇာတ်ညွှန်းရဲ့ အဓိကဇာတ်ညွှန်းဆရာအဖြစ် ပါဝင်ဖြည့်တင်းထားပြီး ဝတ္ထုရသအပြည့်အဝရအောင် Season နှစ်ခုခွဲထားပါတယ်။ ဒီတော့ လွမ်းဆွတ်တမ်းတရမဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ကို ဘာသာပြန်လက်ရာအကောင်းဆုံးနဲ့ အရည်အသွေးအကောင်းဆုံး တင်ဆက်ပေးနေတဲ့ SoulKingdom မှာ အတူတူကြည့်ရအောင်လေနော်