-
Movie Name
-
Lost In The Stars (2023)
-
Year
-
2023
-
Generes
-
Crime, Drama
-
Code
-
CN0713
-
Type
-
Movie
-
Size
-
930 MB
-
Country
-
Hollywood
-
Description
-
ဒီဇာတ်ကားလေးဟာဆိုရင်တကယ့်ဖြစ်ရပ်မှန်ကိုအခြေခံယူထားပြီးရိုက်ကူး
တင်ဆက်ထားတဲ့ဇာတ်ကားလေးတပုဒ်ပဲဖြစ်ပါတယ်. ထိုင်းနိုင်ငံမှာဖြစ်ပျက်ခဲ့တဲ့
တရုတ်စုံတွဲရဲ့ဖြစ်ရပ်မှန်ကိုရိုက်ကူးတင်ဆက်ထားခြင်းဖြစ်ပြီးတော့
တကယ့်လက်တွေ့လောကမှာလည်း ဒီအမှုဟာ ဟိုးလေးတကျော်ကျော်
ဖြစ်ခဲ့ပါသေးတယ် ၂၀၁၉ ကနေ ၂၀၂၃ ထိ အမှုရင်ဆိုင်ခဲ့ရပြီး
ဒီဇာတ်ကားထွက်လာတဲ့အချိန်မှာလည်း ကာယကံရှင်ဟာ
အကြိမ်ကြိမ် ဒီဇာတ်ကားအကြောင်းကို ပြောပြီး Promote
လုပ်ခဲ့ပါသေးတယ် စိတ်ဝင်စားဖို့ကောင်းလွန်းပါတယ်
အညွန်းလေးကတော့
မင်္ဂလာနှစ်ပတ်လည်နေ့မှာပျောက်ဆုံးသွားတဲ့ဇနီးသည်လေးကို
ဟယ်ဖေးတစ်ယောက်အပြင်းအထန်လိုက်ရှာနေပါတယ်။
ဖြစ်စဉ်ကတော့ ဟယ်ဖေးနဲ့ လီမုကျစ်တို့ဇနီးမောင်နှံလေးဟာ
မင်္ဂလာနှစ်ပတ်လည်တစ်နှစ်ပြည့်အနေနဲ့
အရှေ့တောင်အာရှကျွန်းလေးတစ်ကျွန်းကို
အပန်းဖြေခရီးထွက်လာခဲ့ပါတယ်။
အဲဒီအချိန်မှမထင်မှတ်ပဲ လီမုကျစ်ဟာရုတ်တရက်ပျောက်သွားခဲ့တယ်။
(၁၅)ရက်ပျောက်နေတာတောင် ဒေသခံရဲတွေက
လင်မယားပြဿနာဆိုပြီးအရေးတယူမရှိခဲ့ပါဘူး။
နောက်နေ့မနက်မှာတော့ သူစိမ်းမိန်းကလေးတစ်ယောက်ဟာ
သူ့ကိုယ်သူဟယ်ဖေးရဲ့ဇနီးသည်ပါဆိုပြီး ဓာတ်ပုံ၊ပတ်စ်ပို့
သက်သေအခိုင်အမာတွေနဲ့ပေါ်လာပါတယ်။
ဟယ်ဖေးကိုလဲဦးနှောက်အာရုံကြောပိုင်းမှာရောဂါရှိတဲ့သူဆိုပြီးတန်ပြန်စွပ်စွဲပြန်တယ်။
ဟယ်ဖေးဟာဘယ်လိုငြင်းငြင်း ဘယ်လိုသက်သေတွေပဲရှာရှာ ရှာမတွေ့ဘူးဖြစ်နေခဲ့တယ်။
မိန်းကလေးဟာ တကယ်ပဲဟယ်ဖေးရဲ့ဇနီးလား……
ဟယ်ဖေးပြောသလိုပဲ အယောင်ဆောင်တဲ့သူတစ်ယောက်လား……
ဒါမှမဟုတ် ဟယ်ဖေးကပဲတကယ်စိတ်ပိုင်းဆိုင်ရာချို့ယွင်းနေတာလား…..
မထင်မှတ်တဲ့ Plot twist တွေနဲ့ဇာတ်ကားတစ်လျှောက်လုံး
အရှိန်ကောင်းကောင်းနဲ့ ကြည့်တဲ့သူတွေရဲ့စိတ်ကိုဆွဲခေါ်သွားနိုင်တဲ့
အရည်အသွေးတစ်ခုရှိတဲ့ဇာတ်ကားကောင်းလေးဖြစ်လို့
မလွတ်တမ်းကြည့်သင့်တဲ့ဇာတ်ကားလေးတစ်ကားပဲဖြစ်ပါတယ်နော်