-
Movie Name
-
Martha Marcy May Marlene (2011)
-
Year
-
2011
-
Generes
-
Drama, Thriller
-
Code
-
EN3165
-
Type
-
Movie
-
Size
-
677 MB
-
Country
-
Hollywood
-
Description
-
ဒီဇာတ်ကားက ၂၀၁၁ က ထွက်ရှိခဲ့တဲ့ Psychological Drama အမျိုးအစားဖြစ်ပါတယ်။ Marvel ထဲက Wanda အဖြစ်သရုပ်ဆောင်တဲ့ Elizabeth Olsen ရဲ့ပွဲဦးထွက်ရုပ်ရှင်လည်းဖြစ်ပါတယ်။ အပြင်မှာအမှန်တကယ်ဖြစ်ခဲ့တဲ့ မိန်းကလေးတစ်ယောက်ရဲ့ ဖြစ်ရပ်မှန်ကိုရိုက်ကူးထားတာပါ။ ဇာတ်လမ်းအကျဥ်းကတော့ မာသာ (Elizabeth Olsen) က အစွန်းရောက်ဂိုဏ်းတစ်ခုထဲမှာ နှစ်ပေါင်းများစွာနေလာခဲ့ရပြီး နောက်ဆုံးမှာ ထွက်ပြေးလွတ်မြောက်လာခဲ့ပါတယ်။ ရုပ်ပိုင်းဆိုင်ရာအရ လွတ်မြောက်လာခဲ့ပေမဲ့ စိတ်ကတော့မလွတ်မြောက်ခဲ့ဘဲ အတိတ်က စိတ်ဒဏ်ရာတွေရဲ့ဖိစီးနှိပ်စက်မှုကိုခံနေရပါတယ်။ သူနေခဲ့တဲ့ အစွန်းရောက်ဂိုဏ်းက သူ့ကိုအလွတ်မပေးဘဲ နောက်ကနေလိုက်နေတယ်လို့ စိတ်ထဲမှာမြင်နေပါတယ်။ ဒီလိုနဲ့ သူ့ရဲ့စိတ်ဝေဒနာတွေက သူ့ကိုယ်သူတင်မကဘဲ သူ့ကိုလက်ခံစောင့်ရှောက်ထားတဲ့ အစ်မဖြစ်သူနဲ့သူ့ခင်ပွန်းတို့ရဲ့ဘဝကိုပါ အကျိုးသက်ရောက်လာပါတော့တယ်။ ဇာတ်ကားက စိတ္တဇဒရာမာ Thriller အမျိုးအစား Indie ရုပ်ရှင်ဖြစ်ပြီး Elizabeth Olsen က အဓိကသရုပ်ဆောင်ထားပါတယ်။ Imdb rating 6.8 ရှိပြီး စိတ္တဇ Thriller ဇာတ်ကားတွေကြိုက်နှစ်သက်တဲ့သူတွေ၊ Elizabeth Olsen ဖန်တွေကြည့်သင့်တဲ့ဇာတ်ကားပါ။