Movie Name
The Boogeyman(2023)
Year
2023
Generes
Horror, Thriller
Code
EN3168
Type
Movie
Size
445 MB
Country
Hollywood
Description
ဒီသရဲကားကတော့ စာရေးဆရာကြီး စတီဖင်ကင်းရဲ့ ဝတ္ထုတိုတစ်ပုဒ်ကို ပြန်လည်ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ မူလအစီအစဉ်ကတော့ Hulu မှာ streaming ပြသဖို့ ဖြစ်ပေမဲ့ အကြိုပွဲတွေမှာ လူတွေအရမ်းကြောက်ပြီး ကြိုက်ကြတဲ့အတွက် ရုံတင်ဖြစ်သွားပါတယ်။ အချို့အခန်းတွေမှာ ပရိသတ်တွေ အရမ်းအော်ပြီး အရေးကြီးတဲ့ ဒိုင်ယာလော့တွေကို အသံဖုံးသွားလို့ ရုပ်ရှင်ကို ကြောက်စရာအခန်းနဲ့ ဒိုင်ယာလော့ကြား နည်းနည်းခြားအောင် ပြန်တည်းဖြတ်လိုက်ရပါသေးတယ်။ ဒီရုပ်ရှင်ရဲ့ အဓိက မိန်းကလေးသရုပ်ဆောင်နှစ်ယောက်ကတော့ Star Wars Series ထဲက မင်းသမီးလေယာနဲ့ ဒရက်ရှ် နေရာက သ ရုပ်ဆောင်ခဲ့တဲ့နှစ်ယောက်ပါပဲ။ ဇာတ်လမ်းအကျဉ်း အဓိကမကောင်းဆိုးဝါး ဘူဂီမန်းဟာ စတီဖင်ကင်းရဲ့ နာမည်ကျော် IT နဲ့ အတော်ဆင်တူပါတယ်။ ကလေးတွေကို အရမ်းကြောက်အောင်လုပ်ပြီး သတ်ပစ်တာပါ။ ဒါပေမဲ့ IT လောက်တော့ စွမ်းအားမကြီးပါဘူး။ သူဟာ အလင်းကိုကြောက်ပါတယ်။ အမှောင်ထဲမှာပဲ လှုပ်ရှားနိုင်တယ်။ စိတ်ဒဏ်ရာရှိနေတဲ့ကလေးတွေကို ပစ်မှတ်ထားတယ်။ ဒီလိုမျိုးပါပဲ။ စတီဖင်ကင်းရဲ့ ဝတ္ထုတိုပဲဖြစ်လို့ IT, Dark Tower လို့ ပင်မဇာတ်ကြောင်းကြီးမှာတော့ ထပ်မပါသေးပါဘူး။ ဒီရုပ်ရှင်မှာတော့ စိတ်ကုထုံးဆရာဝန် ဒေါက်တာ ဟာပါမှာ ဆေဒီ နဲ့ ဆောယာဆိုတဲ့ သမီးနှစ်ယောက်ရှိပါတယ်။ သူတို့ရဲ့အမေကတော့ မကြာသေးခင်‌လေးက ကားတိုက်မှုဖြစ်ပြီး ဆုံးသွားတာမို့ သူတို့မိသားစုဝင်သုံးယောက်လုံး ကိုယ်စီပူဆွေးနေတုန်းအချိန်မှာပဲရှိပါသေးတယ်။ တစ်နေ့မှာတော့ လူတစ်ယောက် ရုတ်တရက် ဒေါက်တာဟာပါနဲ့ လာပြပါတယ်။ သူ့ရဲ့ကလေးတွေကို မကောင်းဆိုးဝါးတစ်ကောင်က သတ်သွားကြောင်း အခိုင်အမာပြောပါတယ်။ ပြီးတော့ ဒေါက်တာဟာပါရဲ့အိမ်မှာပဲ သတ်သေသွားပါတယ်။ အဲဒီနောက်မှာ ကလေးမလေးနှစ်ယောက်ဟာ ထူးဆန်းတဲ့ကြောက်စရာတွေမြင်လာရတဲ့အခါ