Movie Name
Love You Seven Times (ခုနစ်ရောင်ခြယ် ချစ်ခြင်းကဗျာ)(2023)
Year
2023
Generes
Drama
Code
SC0674
Type
Series
Size
12 GB
Country
China
Description
1-38complete (၇)ဘဝကို(၇)ခါချစ်ကြမယ့် စစ်နတ်ဘုရားနဲ့တိမ်မျှင်နတ်သမီးလေးတို့အတွဲပေါ့ရှင် "နောင်ဘ၀အထိ ငါနဲ့ပဲတူတူရှိချင်တယ်လို့ မပြောပါနဲ့ချူခုန်” “နင်ပြောခဲ့တဲ့စကားအတွက် ကောင်းကင်ဘုံရောက်ရင် နောင်တရနေလိမ့်မယ်" ဇာတ်လမ်းအညွှန်း Xiang Yun ရဲ့မူလပုံစံဟာ တိမ်တိုက်ကလေးဖြစ်ပေမဲ့ Yue Lao Dian ကြောင့် နတ်သမီးအဖြစ် ကူးပြောင်းခွင့်ရခဲ့တဲ့သူလေးပါ။ အဲဒီလိုနဲ့ Yue Lao ခန်းဆောင်မှာပဲ အလုပ်လုပ်ခွင့်ရခဲ့ပြီး ကြယ်တာရာနတ်မင်းရဲ့ တပည့်ဖြစ်သူ Chu Kong နဲ့ ဆုံတွေ့ဖို့ အကြောင်းဖန်လာပါတယ်။ Chu Kong နဲ့ Xing Yun တို့နှစ်ယောက်က အမြဲလိုလို တွေ့တိုင်း တကျက်ကျက်နဲ့ ရန်ဖြစ်နေတတ်ကြပြီး တစ်နေ့မှာတော့ သူတို့နှစ်ယောက်ကြောင့် ကံကြမ္မာရဲ့ ဖူးစာကြိုးနီလေးဟာ မတော်တဆရှုပ်ထွေးသွားခဲ့ရတယ်။ ဒါကြောင့်နဲ့ပဲ သုံးလောကရဲ့ အိမ်ထောင်ရေးကိစ္စတွေက ရှုပ်ထွေးသွားခဲ့ပြီး အတိဒုက္ခကပ်ဘေးကို သိသွားတဲ့ ကောင်းကင်ကျောက်စိမ်းဧကရာဇ်ဟာ Chu Kong နဲ့ Xing Yun တို့နှစ်ယောက်ကို ပြစ်ဒဏ်အနေနဲ့ ခုနစ်ဘဝတိုင်တိုင် ချစ်ခြင်းတရားရဲ့ အရသာကိုခံစားလို့ မပြည့်မချင်း ကောင်းကင်ဘုံကို ပြန်မလာခဲ့ဖို့ အမိန့်ချလိုက်တဲ့အခါမှာတော့.... ဒီ ခုနစ်ဘဝ အချစ်ဇာတ်လမ်းလေးဟာ စတင်လာခဲ့ပါတော့တယ်