Movie Name
Destined (လေဆန်နှင်မည့်အားမာန်ပျို)(2023)
Year
2023
Generes
Comedy, Historical, Romance
Code
SC0675
Type
Series
Size
14.1 GB
Country
China
Description
1-40complete စောင့်စားနေကြတဲ့ မင်းသားချောလေး Bai Jing Ting နဲ့ မင်းသမီးချောလေး Song Yi တို ပုံဖော်ထားတဲ့ Destined "长风渡"လေဆန်နှင်မည့်အားမာန်ပျိူ ဆိုတဲ့ ရှေးကားလေးတစ်ကားလေး တင်ဆက်ပေးဖို အချိန်ကျရောက်လာပြီပဲဖြစ်ပါတယ်  ... ကုန်သည်တစ်ယောက်ရဲ့ သမီးဖြစ်ပေမဲ့လို ဖခင်ဖြစ်သူရဲ့ ဒုတိယအိမ်ထောင်ကြောင့် သားသမီးချင်းစာနာစိတ်မရှိတဲ့ မိထွေးနဲ့ သွေးသားအရင်းဖြစ်တဲ့သမီးကိုပါ လျစ်လျူရှုထားတဲ့ ဖခင်တိုကြောင့် မိသားစုမှာ ဂုဏ်ညှိးနွမ်းပြီး သနားစရာကောင်းလှတဲ့ လျိူယွိရူဟာ ၎င်းအနေနဲ့ သိမ်ငယ်ရတဲ့ ဒီမိသားစုရပ်ဝန်းကနေ နာမကျန်းဖြစ်နေတဲ့မိခင်ကြီးနဲ့အတူ လွတ်မြောက်နိုင်ဖိုရာ ဥစ္စာကြွယ်ဝတဲ့အိမ်တော်က သခင်လေးတစ်ယောက်နဲ့ လက်ဆက်နိုင်ခဲ့လျှင် ဖြေရှင်းနိုင်မှာပဲဆိုပြီး တွေးမှတ်ကာ ငွေကြေးချမ်းသာတဲ့အိမ်တော်က သခင်လေးကုကျိုစီးကိုကြိုးစားကာ လက်ထပ်မင်္ဂလာပြုနိုင်ခဲ့ပါတယ် ... သိုပေမဲ့ ယွိရူရဲ့အထင်အမြင်တွေဟာ လက်တွေ့မှာခြားနားလွန်းနေပြီး ခင်ပွန်းသည် ကုကျိုစီးက သူ့ကိုသိုက်တူးသမလိုအထင်အမြင်သေးကာ ဇနီးဖြစ်သူ လျိုယွိရူနဲ့အတူမနေဘဲ ဆောင်ကြာမြိုင်မှာသာ အချိန်တွေဖြုန်းပစ်ခဲ့တဲ့အခါမှာတော့ ယွိရူတစ်ယောက် ၎င်းအနေနဲ့ ဘဝမှာရှင်သန်ဖိုအတွက် သူတစ်ပါးအပေါ်မှီခိုခြင်းမရှိ ကိုယ့်ကံကြမ္မာကို ကိုယ်တိုင်ဖန်တီး ကိုယ့်လမ်းကိုယ်ခင်းကာလျှောက်လှမ်းခြင်းက အဖြေတစ်ခုဖြစ်ကြောင်း သိရှိနားလည်သွားပြီးတဲ့နောက်မှာတော့ ... လျိုယွိရူတစ်ယောက် ထက်မြက်သွက်လက်တဲ့မိန်းမသားအဖြစ် ရှင်သန်နိုင်ဖိုအတွက် ဘာတွေဆက်လုပ်မှာလဲ ❓ သနားစရာကောင်းပြီး သိမ်ငယ်ရတဲ့သူ အရေးမပါအရာမရောက်တဲ့သူအဖြစ်ကနေရော ရုန်းထွက်နိုင်ပါ့မလား ❓ ခင်ပွန်းဖြစ်သူရဲ့ သူ့အပေါ်အမြင်တွေကိုရော ပြောင်းလဲပစ်နိုင်ပြီး ချစ်ခြင်းမေတ္တာကိုရယူသွားနိုင်မှာလား ❓