-
Movie Name
-
My Best Friend's Wedding (1997)
-
Year
-
1997
-
Generes
-
Comedy, Drama, Romance
-
Code
-
EN3186
-
Type
-
Movie
-
Size
-
956 MB
-
Country
-
Hollywood
-
Description
-
IMDb – 6.3/10, Rotten Tomatoes – 74% ~
တစ်ခေတ်တစ်ခါက ပုရိသတို့ရဲ့အသည်းကျော် မမဂျူလီယာရောဘတ်နဲ့ ကင်မရွမ်ဒီယက်ဇ်တို့ကို အတူတူတွဲမြင်ရမှာဖြစ်ပြီး Dermot Mulroney နဲ့ Rupert Everett တို့နုစဥ်က Visual တွေနဲ့ 90s ခေတ်ရဲ့အဖိုးတန်ရုပ်ရှင်တွေထဲကတစ်ခုဖြစ်ပါတယ်။
ဂျူလီယန်: “မိုက်ကယ်ရေ ငါတို့တက္ကသိုလ်ဒုတိယနှစ် ညတစ်ညက နင်ပြောခဲ့တာမှတ်မိသေးတယ် ”ငါတို့ ၂၈ နှစ်ထိအိမ်ထောင်မပြုဖြစ်ကြသေးရင် ငါတို့ချင်းလက်ထပ်ရအောင်” ဆိုပြီးလေ။ မကြာခင် ၂၈ ပြည့်တော့မှာဆိုတော့ ဒီရက်ပိုင်းအဲဒီစကားကို ငါပြန်တွေးဖြစ်နေတယ်။ နင့်ဆီကအရေးကြီးကိစ္စပြောစရာရှိတယ်ဆိုပြီး Voicemail ရတော့ပျော်လိုက်တာ ငါလက်ခံဖို့အဆင်သင့်ဖြစ်နေပါပြီ။ တကယ်တမ်းကြားလိုက်ရတာက ချစ်ခွင့်ပန်စကားမဟုတ်ဘဲ နင့်ရဲ့မင်္ဂလာသတင်းဖြစ်နေခဲ့တယ်။ ကိုယ်ချစ်တဲ့သူကတခြားမိန်းကလေးနဲ့လက်ထပ်တော့မှာကို လက်ခုပ်တီးပေးနိုင်လောက်အောင် ငါသဘောထားကြီးပေးနိုင်ပါ့မလားမသေချာဘူး မိုက်ကယ်…”
မိုက်ကယ်: “ဂျူလီယန် ငါအဲဒီညကိုဘယ်တုန်းကမှမမေ့ခဲ့ပါဘူး။ မင်းကလှပတယ် ထက်မြက်တယ် ကိုယ်ဘာလိုချင်လဲသေချာသိပြီး ပြီးပြည့်စုံတဲ့မိန်းမတစ်ယောက်။ နင့်ဘဝရဲ့ဦးစားပေးတွေက မိန်းကလေးအများစုလို ချစ်မှုရေးရာတွေ ဖူးစာရှင်တွေ လက်ထပ်တာတွေဟုတ်မနေဘူးလေ။ အဲဒါအတွက်လည်း နင်အမြဲဂုဏ်ယူနေခဲ့တာမလား။ အဲဒါကြောင့်လည်း နင့်ကိုလက်ထပ်ရမှာ ငါကြောက်မိခဲ့တာထင်တယ်။ ငါလိုချင်တာက အားနွဲ့ပြီးငါ့ကိုအမြဲလိုအပ်နေမယ့်မိန်းကလေးမျိုး…”
ချစ်မှုရေးရာနဲ့ပတ်သက်လာရင် အတ္တကြီးတတ်၊ တွေဝေတတ်၊ အမှားတွေလုပ်တတ်ကြတဲ့လူတွေရဲ့သဘောသဘာဝတွေကို တစ်မျိုးဆန်းတဲ့ပုံစံနဲ့တင်ဆက်ထားတဲ့ 90s ခေတ် Romcom တွေကိုနှစ်သက်တဲ့သူတွေ အလွမ်းပြေမယ့်ဇာတ်လမ်းတစ်ပုဒ်ပါပဲ။