Movie Name
Barbie (2023)
Year
2023
Generes
Comedy, Family
Code
EN3187
Type
Movie
Size
1.08 GB
Country
Hollywood
Description
Lady Bird ရဲ့ ဒါရိုက်တာနဲ့ဇာတ်ညွှန်းဆရာဖြစ်တဲ့ Greta Gerwig ရဲ့ လက်ရာပဲဖြစ်ပါတယ်။ မာဂေါ့ရော့ဘီနဲ့ ရိုင်ယန်ဂို့စလင်းတို့ ပါဝင်ထားပါတယ်။ ဒေါ်လာ ၁.၃ ဘီလီယံအထိ ရရှိနေပြီး IMDb 7.3 နဲ့ လူကြိုက်များနေပါတယ်။ ဒီရုပ်ရှင်ဟာ အဓိကအားဖြင့် လူ့အသိုင်းအဝိုင်းနဲ့ ကျားဝါဒီ မဝါဒီတွေကို အခြေပြုတဲ့ ဟာသကားအနေနဲ့ ရိုက်ထားတာပါ။ ဖိုကြီးစိုးရေးဝါဒကိုအံတုနေရတဲ့ မိန်းမသားတွေ၊ မဝါဒီအားကောင်းလာချိန်မှာ ရုန်းကန်လာရတဲ့ ယောကျ်ားတွေ စသဖြင့်ပေါ့။ ဇာတ်လမ်းအကျဉ်း ဘာဘီတွေနဲ့ ကန်တွေဟာ သီးသန့်ကမ္ဘာတစ်ခုမှာနေထိုင်ကြပါတယ်။ အဲဒီကမ္ဘာမှာ ဘာဘီတွေ ကြီးစိုးနေပြီ သမ္မတ၊ သိပ္ပံပညာရှင်၊ တရားသူကြီး၊ နိုဘယ်ဆုရှင်အားလုံးက ဘာဘီချည်းပါပဲ။ ကန်ဆိုတဲ့ ယောကျာ်းတွေကတော့ ဘာဘီတွေကို မှီခိုနေရတဲ့ ဖျော်ဖြေနေရတဲ့သူတွေပေါ့။ ဘာဘီတွေဟာ လူသားကမ္ဘာကြီးကိုလည်း သူတို့တွေရဲ့ ဘာဘီအရုပ်တွေက ပိုကောင်းအောင်ပြောင်းလဲပြီး မိန်းမတွေကြီးစိုးနေပြီလို့ပဲ ထင်ထားခဲ့တာပါ။ ဘာဘီအမျိုးမျိုးရှိတဲ့အထဲမှာမှ မာဂေါ့ရဲ့ ဘာဘီကတော့ သမားရိုးကျဘာဘီ တစ်ယောက်ပဲဖြစ်ပါတယ်။ ဘယ်နေရာမှာ ထူးချွန်နေတာမဟုတ်တဲ့ ဘာဘီသက်သက်ပါပဲ။ တစ်နေ့မှာတော့ ဘာဘီဟာ သေခြင်းတရားအကြောင်းကိုတွေးမိရာကနေ ဘာဘီလောကနဲ့ အံမဝင်တော့ဘူး ဘာဘီအစွမ်းတွေပျောက်လာပြီး ဖြစ်တည်မှုသံသယတွေပွားလာပါတော့တယ်။ အဲဒါကို ကုသဖို့ နည်းကတော့ သူ့ကိုဒီလိုဖြစ်လာအောင်လုပ်နေတဲ့ ဘာဘီအရုပ်ပိုင်ရှင် ကလေးမတစ်ယောက်ကို လူသားကမ္ဘာထဲမှာ သွားရှာပြီး ပြန်ပြင်ဖို့ပါပဲ။ အဲဒီမှာ သူနဲ့အတူ ကန်လည်းလိုက်လာပါတယ်။ ဒါပေမဲ့ လူသားကမ္ဘာအရောက်မှာတော့ သူထင်သလိုမဟုတ်ဘဲ ယောကျာ်းတွေက မဝါဒီယောင်ပြရင်း ဖိုကြီးစိုးရေးကို မသိသာမြှပ်နှံအသုံးချဆဲဆိုတာ သိလာရသလို၊ မိန်းကလေးတွေကလည်း ဘာဘီရဲ့ အလှအပစံနှုန်းတွေကြောင့် မဝါဒီတိုးတက်ရေးနှစ် ၅၀ လောက် နောက်ကျသွားတယ်၊ မိန်းကလေးတွေရဲ့ ကိုယ့်ကိုယ်ကိုယ်တန်ဖိုးထားတဲ့ အတွင်းစိတ်ကို ဖျက်ဆီးပြီး မလိုအပ်တာတွအရူးအမူးဝယ်ယူချင်စိတ်တွေဖြစ်လာအောင်လုပ်တဲ့သူ၊ ဖက်ဆစ်မဆိုပြီးပါ စွပ်စွဲတာတွေရှိလာပါတယ်။ ဒီလို ကမ္ဘာကြီးနဲ့ ဘာဘီမြေမှာ ဆက်ဖြစ်လာတဲ့ ပြဿနာတွေကို ဘာဘီတစ်ယောက် ဘယ်လို ဆက်ဖြေရှင်းမလဲဆိုတာ ကြည့်ရမှာပါပဲ