-
Movie Name
-
Yunxi Poison Valley Bride (2019)
-
Year
-
2019
-
Generes
-
Drama
-
Code
-
CN0723
-
Type
-
Movie
-
Size
-
553 MB
-
Country
-
China
-
Description
-
အဆိပ်တောင်ကြားမှသတို့သမီး
အဆိပ်မျိုးနွယ်စုရဲ့ မြင့်မြတ်တဲ့ပစ္စည်းဖြစ်တဲ့ နှစ်ထောင်ချီ ကုမုဒြာကြာပန်းက သရဲတောင်ကြားမှာပေါ်ထွက်လာခဲ့ပါတယ် ။
ကုမုဒြာကြာပန်းက အဆိပ်ထောင်ချီဖြေပေးနိုင်တဲ့စွမ်းရည်ရှိတဲ့အပြင်ကို
မအိုဘဲ လှပတဲ့ရုပ်ရည်ကိုထိန်းသိမ်းပေးပြီးအသက်လည်းရှည်စေနိုင်တယ် ။
အဲလို့ မြင့်မြတ်တဲ့ပစ္စည်းကိုရဖို့အတွက် နိုင်ငံနေရာအနှံ့အပြားက သူရဲကောင်းတွေက
သရဲတောင်ကြားကိုလာရောက်ယှဉ်ပြိုင်ပြီး အလုအယက်ဝယ်ယူကြတော့တာပေါ့ ။
ကြာပန်းကိုပြသတဲ့ညမှာပဲ ရုပ်ဆိုးဆိုးအဘွားအိုတစ်ယောက်ရောက်လာပြီး
အဲ့ဈေးတန်းမှာရှိနေကြတဲ့ လူတွေအကုန်လုံးနဲ့တိုက်ခိုက်ကြတော့တယ် ။
ထိုအဘွားအိုထွက်သွားပြီးတဲ့နောက်
အိမ်ရှေ့စံရဲ့ညီတော် ထန်စုန့်ကလည်းအဲ့နေရာကနေ အသက်လုပြီးပြေးလာခဲ့တယ် ။
ဒါပေမဲ့ သူ့မှာအဆိပ်ကမိလာခဲ့ပြီးပါပြီ။
ကံကောင်းထောက်မစွာနဲ့ အိမ်ရှေ့စံရဲ့အိမ်တော်မှာ မိဖုရားခေါင်ကြီးကချီးမြှင့်ထားတဲ့မင်္ဂလာပွဲကြောင့်ရောက်ရှိနေတဲ့
အဆိပ်မျိုးနွယ်ရဲ့ပါရမီရှင် ဟန်ယွင်ရှီးကရောက်ရှိနေတာကြောင့် ထန်စုန့်ရဲ့အဆိပ်ကိုဖြေနိုင်လိုက်တယ် ။
နောက်တော့ ထန်စုန့်ရဲ့သတင်းစကားအရ သရဲတောင်ကြားသခင်နဲ့သရဲတောင်ကြားရဲ့ မူမမှန်ဖြစ်မှု့တွေ ၊ မသင်္ကာစရာတွေကို ရှာဖွေဖို့အတွက်
သရဲတောင်ကြားဆီ သုံးယောက်သားခရီးနှင်ခဲ့ပါတော့တယ် ။
သရဲတောင်ကြားမှာဘာတွေကြုံတွေ့ရမလဲ ၊ ဘယ်လိုအခက်အခဲတွေက သူတို့ကိုစောင့်ကြိုနေမလဲ ?
မိဖုရားခေါင်ကြီးကြောင့်လက်ထပ်လိုက်ရပြီး မချစ်ခင်ကြတဲ့ အိမ်ရှေ့စံနဲ့ဟန်ယွင်ရှီးကရော ဒီခရီးမှာဘယ်လိုချစ်ကြိုက်သွားကြမလဲဆိုတာကို
ရင်တမမနဲ့ ဇာတ်လမ်းထဲမှာပဲ ဆက်လက်ကြည့်ရှု့လိုက်ကြပါအုံး ပရိတ်သတ်ကြီး ~