-
Movie Name
-
Trafficking (2023)
-
Year
-
2023
-
Generes
-
Crime, Drama
-
Code
-
EN3197
-
Type
-
Movie
-
Size
-
416 MB
-
Country
-
Hollywood
-
Description
-
ရက်ကွင်ယန်ဆိုတဲ့အသက် ၅၀ ကျော်လူတစ်ယောက်က
မကြာသေးခင်ကပဲသူ့မှာ ကုမရတဲ့ကင်ဆာရှိနေပြီး ခြောက်လ
လောက်ပဲအသက်ရှင်ရတော့မယ်ဆိုတာကိုသိခဲ့ရပါတယ်။
သူက ၃၅ နှစ်တုန်းကလုပ်ခဲ့တဲ့ ပြစ်မှုတစ်ခုကြောင့်ထောင် ၁၅ နှစ်
ကျခဲ့ပြီးလွတ်လာတာလဲ ငါးနှစ်လောက်သာရှိပါသေးတယ်။
အခုလွတ်လာတော့လဲ သူကကြေးစားအကြွေးလိုက်တောင်းပေးတဲ့
လူတစ်ယောက်အနေနဲ့လုပ်ကိုင်နေတဲ့သူတစ်ယောက်ပဲဖြစ်ပါတယ်။
အသက်ကြီးပေမဲ့ မပျက်စီးသေးတဲ့ ဇနဲ့ဘဲကြီးတစ်ယောက်ပါပဲ။
တစ်နေ့မှာတော့ သူ့အကြွေးသွားတောင်းတဲ့လူတစ်ယောက်ရဲ့ အိမ်ကို
ရောက်ပြီးနောက်မှာ အဲ့ဒီအိမ်က ကလေးမလေးတစ်ယောက် လူကုန်ကူးခံ
ရတော့မယ်ဆိုတာကို သိခဲ့ရပါတယ်။ဒါပေမယ့် အဲ့ဒီလူကုန်ကူးတဲ့
လုပ်ငန်းကြီးရဲ့ပိုင်ရှင်က သူ့သူဌေးတောင်မထိရဲတဲ့ ဥရောပမူးယစ်မှောင်ခို
ကုန်သည်ကြီးဖြစ်နေတဲ့ အတွက် သူ့သူဌေးကရော သူ့သူငယ်ချင်းကပါ
အဲ့ဒီကိစ္စကိုသွားမရှုပ်ဖို့တားခဲ့ပါတယ် ။ ဒါပေမယ့် သေမထူးနေမထူးဖြစ်
နေတဲ့လူတစ်ယောက်အနေနဲ့ သူ့သမီးအရွယ်လောက်သာရှိတဲ့ အဲ့ဒီ
ကလေးမလေးကို သွားကယ်ခဲ့ပြီးနောက်မှာ ဘယ်လို နောက်ဆက်တွဲ
ပြဿနာတွေဆက်ဖြစ်လာမလဲ။ သူ့ဘဝရဲ့ ကျန်ရှိနေတဲ့အချိန်လေးတွေကိုရော
ဘယ်လိုအကျိုးရှိရှိ နေသွားမလဲဆိုတာကိုကြည့်ရမှာပဲဖြစ်ပါတယ်။