Movie Name
My Dearest (2023)
Year
2023
Generes
Historical, Romance
Code
SKR0874
Type
Series
Size
5.34 GB
Country
Korea
Description
1-10complete ျိူဆွန်းခေတ်နောက်ခံနဲ့ လွမ်းမောဖွယ် ခံစားကြည့်ရှုရမယ့် အချစ်ဇာတ်လမ်းတစ်ပုဒ် My Dearest Nam KoongMin ရဲ့ အနုပညာသက်တမ်း ဆယ်စုနှစ်ကျော်အတွင်းမှာ ပထမဆုံးရိုက်တဲ့ historical ဒရာမာဖြစ်ပါတယ် 🔥 မင်းသမီးကတော့ Ahn EunJin ဖြစ်ပြီး လျှိဝှက်ချက်တွေပြည့်နှက်နေတဲ့အမျိုးသားတစ်ဦးနဲ့ မြင့်မြတ်တဲ့အိမ်တော်က သခင်မလေးတစ်ယောက်တိုရဲ့ အချစ်ဇာတ်လမ်းကို ခက်ခဲကြမ်းတမ်းတဲ့ ဇာတ်အိမ်နောက်ခံနဲ့ခံစားကြည့်ရှုရမှာပါ ။ ဒီဇာတ်လမ်းတွဲမှာတော့ မင်းသားကြီး NamKoong Minနဲ့ မကြာသေးခင်က လွှင့်ထားတဲ့ The Good Bad Mother ထဲက မင်းသမီး Ahn Eun Jin တို့က အဓိက ပါဝင်ထားပါတယ်…. ယူဂီချယ်ဆိုတဲ့ ကောင်မလေးက ချမ်းသာတဲ့မိသားစုကနေ ပေါက်ဖွားလာပြီး လိုတရနေတဲ့ဘဝမှာနေနေရတာဆိုတော့ မာနကြီးပြီး အရာအားလုံးအပေါ် အထင်သေးအမြင်သေးဆက်ဆံတတ်လေ့ရှိတယ်… အရာအားလုံးက သူမ အတွက် ရေကန်အသင့်ကြာအသင့်နေရတဲ့ဘဝဆိုတော့ အပူအပင်လည်းမရှိရှာဘူးပေါ့..တစ်နေ့မှာတော့ ရာသီဉတုကပ်ဆိုးကြီးတစ်ခု ဖြစ်ပေါ်လာတဲ့နောက် သူမ ဘဝအတွက်အလှည့်အပြောင်းတစ်ခုရှိလာပါတော့တယ်… အီဂျန်ဟွန်းဆိုတဲ့ အမျိုးသားကတော့ လျှို့ဝှက်တတ်တဲ့ လူတစ်ယောက်ဖြစ်ပြီး ဘာကိုမှ အလေးမထားသလို စမ်းချောင်းကစမ်းရေသံလေးနားထောင်ရ မြက်ခင်းပြင်ပေါ်လမ်းလျှောက်ရ ရုံဖြင့် တခြားပိုင်ဆိုင်မှုတွေမရှိသော်ငြား ဘဝကိုပြီးပြည့်စုံတယ်လို့ ထင်တဲ့သူတစ်ယောက်ပေါ့…သို့ပေမဲ့သူ့မှာ လူသိမခံတဲ့လျှို့ဝှက်ချက်များစွာလည်းရှိတဲ့သူတစ်ဦးပါ… အဲဒီနောက် မမျှော်လင့်ဘဲ ယူဂီချယ်ဆိုတဲ့ ဂုဏ်ရှင်မလေးနဲ့ တွေ့တဲ့အခါမှာတော့… ဘာတွေဆက်ဖြစ်ကြမလဲ စောင့်ကြည့်ရအောင်နော်…..